ချစ်သူများနေ့အတွက် ဘယ်လို ဖက်ရှင်ဝတ်ရင်ကောင်းမလဲလို့ စဉ်းစားနေကြတဲ့ ကွီးတို့လည်း ရှိနိုင်ပါတယ်။ Valentine’s Day နေ့ဆိုတာမျိုးက Dress Code မလိုသလို Casual ကြီး ဝတ်လို့လည်း မကောင်းပါဘူး။ ပေါ့ပေါ့ပါးပါးလည်း ဖြစ် စမတ်လည်း ကျမယ့် Smart Casual မျိုး ဝတ်ပေးဖို့ လိုပါတယ်။ ဒီအတွက်လည်း သိပ်မခက်တဲ့ အကြံလေးတွေ ပေးချင်ပါတယ်။

အရင်ဆုံး အရေးကြီးတဲ့အချက်က Valentines Day မှာ သပ်ရပ်သစ်လွင်ပြီး ကိုယ်နဲ့ Fit ဖြစ်တဲ့ ဖက်ရှင်ဖြစ်ဖို့ ဂရုစိုက်ပါ။ ဝတ်သင့်တာကတော့ Smart Dress Code မျိုး ဖြစ်ပြီး ဝတ်ရမယ့်ပုံစံကတော့ နေရာပေါ်လိုက်ပြီး Formal ပိုကျတာနဲ့ စမတ်ကျရုံဘက်ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ ချိန်းတွေ့ကြတဲ့ Restaurant Date ဆိုရင် နက်ပြာရောင် Suit ၊ အဖြူရောင်ရှပ် ၊ Smart Shoes နဲ့ အခုလို အေးတဲ့ရာသီမျိုးဆို Overcoat ဒါမှမဟုတ် Pea Coat တစ်ထည် ထပ်ဝတ်သွားဖို့ လိုပါတယ်။

Men's Fashion

Photo: mensjournal

Smart Shoes အနေနဲ့ Oxford ဒါမှမဟုတ် Derby စတိုင် Shoes တွေ ဝတ်နိုင်ပါတယ်။ ရှပ်အင်္ကျီကိုတော့ Fitting ကျပြီး Smart ဖြစ်တဲ့ Smart Formal Type ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံလိုမျိုးမှာ ချိန်းတဲ့ Cinema Date ဆိုရင် Smart Casual ဖြစ်တာ ပိုသင့်လျော်ပါတယ်။ ရုပ်ရှင်ရုံက အပြန်မှာ တစ်ခုခု စားသောက်ဖြစ်တတ်လို့ပါ။

ဒီအတွက် Smart Casual အနေနဲ့ Blazer ကုတ် ဒါမှမဟုတ် Smart Bomber Jacket တစ်ထည် ၊ Jumper လိုမျိုး Sweater ကောင်းကောင်းမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။ V-Neck ပုံ ဆွယ်တာမျိုးဆိုရင် အောက်မှာ ရှပ်အင်္ကျီခံဝတ်နိုင်ပါတယ်။ ပြီးရင်တော့ ဒီဖက်ရှင်နဲ့ တွဲပြီး Smart Trainers ဒါမှမဟုတ် Brogues ဖိနပ်မျိုးနဲ့ စီးနိုင်ပါတယ်။

Photo : Men’s Journal

Drink Outfit အတွက်ဆို ပိုပြီး Fresh ဖြစ်တဲ့ Smart Casual စတိုင် စဉ်းစားရတော့မှာပါ။ သူကတော့ စမတ်ရှပ် Plain ဗြောင်နဲ့ Blazer Coat ၊ Dark Denim Jeans နဲ့ Smart Shoes ဖက်ရှင်အတွဲအစပ်ဆို အဆင်ပြေပါတယ်။ နောက်ဆုံးပေးချင်တဲ့ အကြံဉာဏ်ကတော့ အားလုံးလုပ်ဖြစ်လောက်တဲ့ အချက်တွေပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ညှပ်ထားပြီး နည်းနည်းပါးပါး Grooming ‌လေးလုပ်သွားပါဆိုတာပဲ ဖြစ်ပါတယ်။

Featured Photo: swirlster