သောကြာနေ့ မျိုးမှာအလုပ်ဆင်းတာနဲ့ TGIF လုပ်ဖို့ ပြင်ထားတယ်ဆိုရင် အလုပ်သွားကတည်းက အဝတ်အစားကို ပြင်ထားသင့်ပါတယ်။ ရုံးဆင်းတာနဲ့ သူငယ်ချင်းတွေ စုပြီး ဘားတစ်ခုခု သွားတာဆိုရင် ရုံးတက်ကတည်းက ဘားနဲ့ လိုက်ဖက်ပြီး အလုပ်ခွင်မှာလည်း အဆင်ပြေမယ့်ဝတ်စုံ စဉ်းစားသင့်ပါတယ်။

Source: Shutterstock

အခြေခံက ပြောမယ်ဆိုရင်တော့ ရာသီဥတုလေး တစ်ချက် ကြည့်ဖို့ပါပဲ။ ရာသီဥတု ကြည့်တယ်ဆိုတာလည်း သိပ်ခက်ခက်ခဲခဲကြီး ပြောတာ မဟုတ်ပါဘူး။ မိုးရွာသလား ၊ နှင်းကျသလားလောက်ပါပဲ။ ဒါမှ ဘားသွားရင် ဘယ်လိုဝတ်မလဲဆိုတာ စဉ်းစားရလွယ်သွားမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကတော့ ရာသီဥတုတိုင်းနဲ့ လိုက်ဖက်တဲ့ အဝတ်အစားပါ။ပါတဲ့ ပိုက်ဆံအိတ်ကို ထည့်ဖို့ အတွက်လည်း ဂျင်းဘောင်းဘီက သေချာတယ်။ ဒါက ရုံးကနေ တိုက်ရိုက်လာတာ မဟုတ်ဘဲ သက်သက် ထွက်လာတာမျိုးအတွက်ပါ။ ရုံးမှာ Dress Coat ဝတ်ရတဲ့ သူတွေအတွက်တော့ Suit နဲ့ ဘားသွားရတာ အဆင်သိပ်မပြေလှပါဘူး။ ဂျင်းဘောင်းဘီနဲ့ တီရှပ်အတွဲ ကတော့ တကယ့်ကိုလွတ်လပ်ပေါ့ပါးသွားစေမယ့် Bar Suit ပါပဲ။

 

Source: Unsplash

သတိထားရမှာက တီရှပ်ကို အပေါ်မှာ အနွေးထည်တို့ ၊ ဆွယ်တာတို့ နဲ့ တွဲမဝတ်သင့်ပါဘူး။ အပေါ်ထပ် လက်ရှည် ဖလန်နယ်တစ်ထည်လောက် ဆိုရင်တော့ မဆိုးပါဘူး။ ရိုးရိုးရှင်းရှင်း ဖြစ်နိုင်သမျှ ဖြစ်တာကတော့ အကောင်းဆုံးပါပဲ။ စီးမယ့် ဖိနပ်ကလည်း Office Shoe မဟုတ်ဘဲ Snaker လို Sporty ပုံစံမျိုး စီးသင့်ပါတယ်။ ညဘက်ဘားမှာ ဘယ်သူကမှတော့ ကိုယ့်ဖိနပ်ကို ငုံ့ ကြည့်မှာ မဟုတ်ပေမယ့် သက်တောင့်သက်သာ ရှိဖို့ နဲ့ စတိုင်မိဖို့ က အရေးကြီးပါတယ်။

 

Source: Shutterstock

ဘားသွားချိန်မှာ ပိုက်ဆံအိတ်အကြီးတွေကိုင်တာက ကြောင်ပါတယ်။ လယ်သာခေါက်အိတ်လောက် ဖြစ်ဖြစ် ဂျင်းဘောင်းဘီထဲ ထိုးထည့်ထားရင် အဆင်ပြေပါတယ်။ အဝတ်အစားအရောင်အနေနဲ့ အရမ်းမတောက်ဘဲ နည်းနည်း မှိုင်းပြီးBold ဖြစ်တဲ့အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။