အရောင်တွေဟာ ဒီဇိုင်းတွေလိုပဲ ဖက်ရှင်မှာ အရေးပါတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ အတော်များများက အရောင်အတွဲအစပ်လို့ ပြောလိုက်ရင် ဘောင်းဘီနဲ့ အင်္ကျီအရောင်တွေလောက်ကို ပိုအာရုံရောက်လေ့ရှိပါတယ်။ တကယ်တော့ Shoes အရောင်တွေကိုလည်း ထည့်တွက်သင့်ပါတယ်။ Shoe အရောင်ကို လိုက်ပြီး တခြားဝတ်သင့်တဲ့စတိုင်တွေ စဉ်းစားတာ ပိုသဘာဝကျပါတယ်။ ဒါကြောင့် Shoes ကာလာပေါ် လိုက်ပြီး တွဲဝတ်သင့်တဲ့ ဖက်ရှင်စတိုင်လေးတွေအကြောင်း မျှဝေလိုက်ပါတယ်။
(၁) Black Shoes

Photo: Fashion Beans
အရောင်ရင့် Shoes ကာလာတွေက နေရာမရွေး အဝတ်အစားမရွေး စီးလို့ရပါတယ်။ Black Shoes တွေက အတွေ့ရအများဆုံး Dress Shoe အရောင်တွေလည်း ဖြစ်ပါတယ်။ အနက်ရောင် Black Blazer နဲ့ဆို Dress Up သပ်သပ်ရပ်ရပ် ဖြစ်သွားပြီး Jeans Pant နဲ့ဆို Street Smart ဖြစ်စေနိုင်ပါတယ်။ Formal ပွဲတွေအတွက်ဆို Black Tie နဲ့ Formal Shoes တွဲဝတ်သင့်ပြီး Chinos လို Tousers နဲ့ ဆို သိပ် Formal မကျဘဲ သက်တောင့်သက်သာရှိတဲ့ Derby Shoes မျိုး စီးသင့်ပါတယ်။
Oxford Shoes တွေက Slim Black Jeans တွေနဲ့ လိုက်ဖက်ပြီး Dark Denim Jeans နဲ့ဆို Chelsea Boots တို့ Dr.Martens တို့ စီးဖို့ အကြံပြုကြပါတယ်။ Black Shoes တွေရဲ့ အားသာချက်တစ်ခုက All-Black ဖက်ရှင် ဝတ်ရာမှာ ပြီးပြည့်စုံစေတဲ့ ဖက်ရှင်တစ်ခုဖြစ်တာပါပဲ။
(၂) Brown Shoes

Photo: Fashion Beans
အညိုရောင်ဟာ Smart Shoes တွေမှာ မြင်ရတဲ့ ပင်တိုင်အရောင်တွေထဲက တစ်ခုပါ။ Brown Shoes တွေကလည်း နေရာစုံ ဝတ်နိုင်ပါတယ်။ အညိုရောင်က အရောင်ခပ်ဖျော့ဖျော့ကာလာမျိုးနဲ့ဆို ပိုကြည့်ကောင်းပြီး အဆင်ပြေပါတယ်။ အရောင်ချင်းအတူတူ Oxford Shoes တွေထက်စာရင် Brown Brogues တွေက ပိုပြီး ပေါ့ပေါ့ပါးပါး Less Formal ဆန်ပါတယ်။
အညိုရင့်ရင့်ဆို Indigo Denim နဲ့ ပိုလိုက်ဖက်ပါတယ်။ သိပ် Formal မဆန်ချင်ရင် Suede Chelsea Boot မျိုး စီးနိုင်ပါတယ်။ အညိုရင့် Shoes တွေ စီးချိန်မှာ ဘောင်းဘီဟာ အရောင်နည်းနည်း ပိုရင့်တာမျိုး ရွေးချယ်သင့်ပါတယ်။
(၃) Oxblood Shoes

Photo: Fashion Beans
နီညိုရောင် Shoes တွေက အညိုရောင်နဲ့ ဆင်ပါတယ်။ နီညိုရင့်လေလေ အောက်က ဘောင်းဘီကို အရောင်ပိုရင့်ရင့်နဲ့ တွဲဖက်သင့်ပြီး နီညိုရောင် သိပ်မရင့်တာမျိုးအတွက် Lighter Shade ဆန်တဲ့ ဘောင်းဘီမျိုး ဝတ်သင့်ပါတယ်။
Oxblood ရောင်က Shoes ထက်စာရင် Loafer တွေကို လူစီးများပြီး နွေရာသီမှာ ပေါ့ပေါ့ပါးပါး Light-Wash Denim ၊ အညိုဖျော့ နဲ့ နက်ပြာ Chinos တွေနဲ့ တွဲဖက် ဝတ်ဆင်လေ့ရှိပါတယ်။
(၄) White Trainers

Photo: Fashion Beans
ဒီဘက်ခေတ်မှာ White Trainers တွေကို လူငယ်တန်းကနေ လုပ်ငန်းရှင်တွေအထိ စီးနေကြပြီ ဖြစ်ပါတယ်။ White Trainers စီးမယ်ဆိုရင် Logo တွေ ပြူးပြဲမနေဘဲ ပရီမီယံလယ်သာသားနဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းမျိုး ရွေးချယ်တာ အကောင်းဆုံးပါပဲ။
များသောအားဖြင့် White Trainers ကို Shirts တို့ ၊ Suit တို့နဲ့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ဝတ်ဆင်လေ့ရှိသလို တီရှပ်လက်ရှည် ၊ Jeans နဲ့ Sweater တို့လိုမျိုး ပေါ့ပေါ့ပါးပါး ဖက်ရှင်အဖြစ်လည်း ဝတ်လို့ ရပါတယ်။
Featured Photo: Fashion Beans
