Healthy Food တော်တော်များများက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးသော်လည်း အရသာအားဖြင့်တော့ ဆိုးကြပါတယ်။ သို့သော် ဒီလိုအရသာမရှိတဲ့ Healthy Food တွေထဲမှာ ငှက်ပျောသီး မပါဘူးလို့ပြောလို့ရပါတယ်။ ငှက်ပျောသီးဟာ ခန္ဓာကိုယ်အတွက်အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကောင်းကျိုးတွေ များစွာထောက်ပံ့ပေးသလို အရသာအားဖြင့်လည်း စိတ်ကျေနပ်မှုရစေတဲ့ Healthy Food တစ်မျိုးပါ။ ဒီဆောင်းပါးလေးမှာတော့ တစ်ရက်ကိုငှက်ပျောသီး (၂) နှစ်လုံးစားပေးရုံနဲ့ သင့်ခန္ဓာကိုယ်မှာတိုးတက်ပြောင်းလဲလာမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။

သွေးပေါင်ချိန်ကို ပုံမှန်ပြန်ဖြစ်စေတယ် – ငှက်ပျောသီးတစ်လုံးမှာ ပိုတက်ဆီယမ်ဓာတ် ၄၂၀ မီလီဂရမ်ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးပေါင်ချိန်ကိုမှန်အောင်ထိန်းညှိပေးတာကြောင့် သွေးတိုးရောဂါအခံရှိသူတွေစားပေးမယ်ဆိုရင် သွေးပေါင်ချိန် လျော့ကျစေနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေတယ် – ငှက်ပျောသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အချိန်တော်ကြာ အစားအစာချင်စိတ်ကို ထိန်းထားပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးတဲဲ့ ဗီတာမင် B6 လည်းပါဝင်တာကြောင့် နေ့စဉ်ပုံမှန်စားပေးမယ်ဆိုရင် မလိုလားအပ်တဲ့အဆီပိုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။

သွေးအားကောင်းစေတယ် – သွေးအားနည်းရောဂါဟာ ခန္ဓာကိုယ်သွေးနီဥများ လျော့ချခြင်းနှင့် သွေးထဲတွင် ဟီမိုဂလိုဗင်ပမာဏနည်းပါးခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ သံဓာတ်များစွာပါဝင်ပြီး ၎င်းကသွေးနီဥ ထုတ်လုပ်ခြင်း လှုံ့ဆော်ပေးတာကြောင့် သဘာဝအတိုင်း သွေးအားကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

အစာခြေစနစ် တိုးတက်ကောင်းမွန်စေတယ် – ငှက်ပျောသီးဟာ အလွယ်တကူအစာကြေလွယ်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးပါတယ်။ ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အူချဉ်နာရောဂါရှိသူတွေအနေနဲ့ ငှက်ပျောသီးပုံမှန်စားပေးသင့်ပြီး ငှက်ပျောသီးက သင့်ခန္ဓာကိုယ်မှ ကုန်ခမ်းသွားတဲ့သတ္တုဓာတ်တွေကိုပြန်လည် ဖြည့်တင်းပေးတာကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုလျော့ကျစေတယ် – ငှက်ပျောသီးမှာ tryptophan ဓာတ်များပါဝင်ပြီး ၎င်းက သင့်ရဲ့စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်သလို ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေကိုလည်း ပိုမိုရရှိစေနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ငှက်ပျောသီးတစ်လုံးမှာ မဂ္ဂနီစီယမ် ၂၇ မီလီဂရမ်ပါဝင်ပြီး အဆိုပါ မဂ္ဂနီစီယမ်ဓာတ်က စိတ်ဖိစီးမှုကိုလျော့ကျစေကာ ညဘက်မှာလည်းကောင်းစွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

စွမ်းအင်တိုးစေတယ် – ငှက်ပျောသီးစားပေးခြင်းက ပိုတက်စီယမ်ဓာတ်များစွာရစေတာကြောင့် ကြွက်သားများ နာကျင်ခြင်း ၊ ကြွက်တက်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် carbohydrates ဓာတ်တွေကိုလည်း ထောက်ပံ့ပေးတာကြောင့် heavy workout တွေလုပ်နေချိန်မှာတောင် သင့်ခန္ဓာကိုယ်စွမ်းအင်လျော့ကျမသွားဖို့ ထိန်းထားပေးမှာဖြစ်ပါတယ်။

Source : Brightside