အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမျိုးသမီးတွေ သဘောကျရတဲ့ အရာလေးတွေရှိတယ်ဆိုတာ သင်သိပါသလား။ သင့်ကို ထုတ်တော့မပြောပေမယ့် စိတ်ထဲကျိတ်ပြီး သဘောကျနေတတ်ကြတာပါ။ သင်ဟာ ဒေါ်လာသန်းချီတဲ့ အဝတ်အစားတွေ ဝတ်ထားရင်တောင်မှ သူတို့သဘောကျချင်မှကျပါလိမ့်မယ်။ အဓိကက သင့်ခန္ဓာကိုယ်ပေါ်က မွေးရာပါခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုပြီးသဘောကျတတ်ကြတာဖြစ်ပါတယ်။ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ သူတို့သဘောကျရတဲ့ သင့်တို့ခန္ဓာကိုယ်ပေါ်ကအရာလေးတွေက ဘာတွေဖြစ်မလဲ တစ်ချက်လေ့လာကြည့်ရအောင်။

(၁) မျက်လုံး

Source : The Express Tribune

အမျိုးသားတွေရဲ့ ညို့အားပြင်းမျက်ဝန်းတစ်စုံရဲ့ အကြည့်အောက်မှာ အမျိုးသမီးတော်တော်များများကြရှုံးရပါတယ်။ အချစ်ရဲ့ အစမျက်လုံးကလို့ ဆိုတဲ့အတိုင်း ယောကျာ်းပီသပြီး အကြင်နာ ဂရုဏာပြည့်ဝတဲ့ မျက်ဝန်းတစ်စုံဟာ အမျိုးသမီးတွေအတွက်တော့ အရမ်းကို သဘောကျစရာအရာလေးတစ်ခုဖြစ်ပါတယ်။

(၂) နှာတံ

Source : pinterest.com

နှာတံစင်းစင်းလေးနဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်သူတွေပါ။ နှာတံလှတဲ့အမျိုးသားအများစုက အနည်းငယ်အနောက်တိုင်းဆန်တဲ့ မျက်နှာပေါက်မျိုးရှိတာဖြစ်ပြီး တစ်ချို့ကလည်း မိန်းမချောချောတယ်လို့ ဆိုကြပါတယ်။

(၃) ရင်ဘတ်

Source : D’Marge

ရင်ဘတ်ကားကားနဲ့ အမျိုးသားတွေဟာ သာမာန်အမျိုးသားတွေထက် အထာပိုကျသလို အမျိုးသမီးတွေရဲ့ စိတ်အာရုံကိုလည်း ပိုမိုဖမ်းစားနိုင်ပါတယ်။ ရင်ဘတ်လှတဲ့အတွက် ရှပ်အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။

(၄) လက်မောင်း

Source : Ask Muscle

အားကစားလုပ်တဲ့ အမျိုးသားတွေရဲ့ လက်မောင်းကျစ်ကျစ်လေးတွေဟာ အမျိုးသမီးတွေအတွက် တစ်မျိုးလေးဆွဲဆောင်မှု ရှိစေပါတယ်။ ပျော့တိပျော့ဖက် ဗူဖောင်းလေလျော့နေတဲ့ လက်မောင်းမျိုးကိုတော့ ဘယ်မိန်းကလေးမှ သဘောကျမှာမဟုတ်ပါဘူး။

(၅) တင်ပါး

Source : greginhollywood.com

အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်ကိတ်ချင်ကြသလို ကိတ်တဲ့အမျိုးသားတွေကိုလည်း နှစ်သက်သဘောကျကြပါတယ်။ တင်ပါးလုံးလုံးလေးဖြစ်နေတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ထဲမှာပိုပြီး Sexy ကျကျ ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြတာဖြစ်ပါတယ်။ တချို့ဆိုရင် အမျိုးသားတွေရဲ့ တင်ပါးအကိတ်လေးတွေကို ထိတွေ့ကိုင်တွယ်ရတာ သဘောကျကြပါသတဲ့နော်။

(၆) ခြေချောင်းလက်ချောင်း

Source : urbancalmuk.com

အမျိုးသားတွေရဲ့ ခြေချောင်းလက်ချောင်းလေးတွေဟာ အမျိုးသမီးတွေသဘောကျရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ခြေသည်း လက်သည်းလေးတွေ ညှပ်ထားပြီး ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းဖြစ်နေတဲ့ ခြေချောင်း လက်ချောင်းလေးတွေကို မိန်းကလေးတော်တော်များများ နှစ်သက်သဘောကျကြတာဖြစ်ပါတယ်။