စိတ်ပညာစမ်းသပ်မှုတစ်ခုမှာ သုံးတဲ့ ဓါတ်ပုံတစ်ပုံကနေ သင့်အတွင်းစိတ်ထဲက လျှို့ဝှက်ချက်တွေ ဖော်ထုတ်ပေးနိုင်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်တောင် မသိရသေးတဲ့ လျှို့ဝှက်ချက်တချို့ ဖြစ်ပါတယ်။ သင်က ဘယ်လိုလူလဲ။ သင့်အတွင်းစိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကို ဒီပုံမှာ သင်အရင်ဆုံးမြင်လိုက်တဲ့အရာက ပြောပြသွားပါလိမ့်မယ်။ အရင်ဆုံး ဒီပုံကို ဖျက်ခနဲ ကြည့်လိုက်ပြီး ပထမဆုံးမြင်တဲ့အရာကို ချရေးလိုက်ပါ။ ကဲ လာပါပြီ။

(၁) လှေသမားကို အရင်ဆုံးမြင်ရရင်

Photo: smartmindsets

သင့်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုနဲ့ ဆိုင်တဲ့ပြဿနာတချို့ ရှိနေပါတယ်။ ကိုယ်ကပဲ ကိုယ့်ရဲ့ ဟီးရိုးဖြစ်တယ်လို့ ယုံကြည်ဖို့ လိုအပ်နေတယ်။ ကိုယ့်ကို နားလည်ဖေးမပေးမယ့် ချစ်သူမျိုး ရှာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ အချစ်ကို ကိုးကွယ်မှီတွယ်နေသူပဲ ဖြစ်မလာပါစေနဲ့။

(၂) စုံတွဲကို အရင်မြင်ရရင်

Photo: smartmindsets

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနဲ့ပဲ နေချင်တယ်။ ဘာအနှောင်အဖွဲ့မှ မထားချင်ဘူး။ ဘဝကို ကိုယ့်သဘောအတိုင်း ထင်သလို နေချင်ပေမယ့် သင့်အတွက် စစ်မှန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့အရာ ရှိဖို့ လိုပါတယ်။ ကိုယ်တကယ်မြတ်နိုးရသူနဲ့ ဘဝတစ်ခု တည်ဆောက်လိုက်ပါ။

(၃) လှေအလွတ်ကို အရင်မြင်ရရင်

Photo: smartmindsets

ဘာမှန်းမသိ ကြောက်နေမိတာရှိတယ်။ တစ်ခါတလေ အရာအားလုံးကို ကြိုပြီး ခန့်မှန်းနိုင်ပါစေ ဆုတောင်းနေမိမယ်။ ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

(၄) မျက်နှာဖုံးနဲ့ မိန်းမကို အရင်မြင်ရရင်

Photo: smartmindsets

ခံစားချက်တွေ ပြင်းထန်နေမယ်။အသစ်အသစ်တွေ စမ်းသပ်ရတာ ကြိုက်နေမယ်။ အချစ်ရေးမှာတော့ စမ်းသပ်မှုတွေနဲ့ ကင်းကင်းနေတာ ကောင်းပါတယ်။ တကယ်လေးနက်တဲ့ အချစ်နဲ့ ချစ်မိတာ ဟုတ်မဟုတ် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာ ပိုလုပ်သင့်ပါတယ်။