ယနေ့ခေတ်အမျိုးသားအများစုဟာ အားလုံးငေးမောရလောက်တဲ့ သန်မာထွားကျိုင်းတဲ့ ကြွက်သားတွေကို လိုချင်မက်မောလာကြပါတယ်။ ဒါကြောင့်လည်း Gym တွေကို တကူးတက သွားပြီး ပိုက်ဆံအကုန်အကျခံ၊ အချိန်တွေပေး၊ အပင်ပန်းခံပြီးတော့ကို ကြွက်သားတွေကို တည်ဆောက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေတည်ဆောက်ခြင်းက လှပရုံတစ်ခုသာမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်က ပြန်ကြည့်မယ်ဆိုရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ဟာ နှလုံးခုန်နှုန်းကို မြင့်မားစေပါတယ်။

ချွေးထွက်များစေပြီး ဆိုဒီယမ်ဒြပ်တွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေပြုလုပ်ပြီးချိန်မှာ ကုန်ခမ်းသွားတဲ့အရာတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

နို့ချောကလက်

Source: CDKitchen

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့လူတွေဟာ ခန္ဓာကိုယ်ထဲမှာ Electrolytes ဓာတ်တွေဖြစ်တဲ့ မက်ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကုန်ဆုံးတတ်ပါတယ်။ လိုအပ်နေတဲ့ဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့အတွက် နို့ချောကလက်ဖျော်ရည် သောက်သုံးပေးသင့်ပါတယ်။ နို့ချောကလက်ဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲက ကုန်ခမ်းသွားတဲ့ဓာတ်တွေရဲ့ ၃ ပုံ ၁ ပုံကို သေချာပေါက် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အသားနဲ့ အသီးအရွက်တွေပါတဲ့ စွပ်ပြုတ်

Source: Cooking Classy

ကုန်ခမ်းသွားတဲ့ မဂ္ဂနီဆီယမ်၊ ရေဓာတ်နဲ့ တခြားဗီတာမင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် အသားနဲ့အသီးအရွက်များဖြင့် ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်နွေးနွေးလေးတစ်ပန်းကန် လိုအပ်ပါတယ်။ သင့်ရဲ့ကုန်ဆုံးသွားတဲ့ ဗီတာမင်ဓာတ်တွေကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။

ငှက်ပျောသီးဖျော်ရည်

Source: Expert Juicer Reviews

ငှက်ပျောသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ပိုတက်စီယမ်ဒြပ်တွေ အမြောက်အများပါဝင်ပြီး ချွေးတွေနဲ့အတူ ကုန်ဆုံးသွားတဲ့ သကြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။