တချို့သော ယောကျ်ားလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ ဆံပင်ဖြူပေါက်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ဓာတုပစ္စည်းတွေပါတဲ့ ဆံပင်ထုတ်ကုန်တွေအသုံးပြုခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ၊ မျိုးရိုးဗီဇ နဲ့ ဆံပင်ထုတ်ကုန်တွေပစ္စည်းတွေကြောင့် ဆံပင်ဖြူပေါက်တာမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ပြန်လည်ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်။

(၁) စိတ်ဖိစီးမှုများခြင်း

Stressed male massaging nose bridge suffering from headache

Source : Freepik

များသောအားဖြင့် စိတ်ဖိစီးမှုများတဲ့လူတွေမှာ ဆံပင်ဖြူပေါက်လေ့ရှိပါတယ်။ တချို့သောယောကျ်ားများမှာ စိတ်ဖိစီးမှုကြောင့် ထိပ်ပြောင်ခြင်း ၊ ဆံပင်ကျွတ်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ သင့်ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစေတာကြောင့် အတက်နိုင်ဆုံးစိတ်ဖိစီးမှုနည်းအောင်နေထိုင်သင့်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

hipster male model smoking

Source : Freepik

စီးကရက်အလွန်အကျွံသောက်သူတွေမှာ ဆံပင်ဖြူပေါက်နိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို စီးကရက် ၁၀ လိပ်နဲ့ အထက်သောက်သုံးသူတွေဟာ ဆံပင်ကျွတ်ခြင်း ၊ ဆံသားပျက်စီးခြင်းတွေဖြစ်နိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

(၃) အိပ်ရေးမဝခြင်း

man using laptop on bed

Source : Freepik

ညဘက်အိပ်ရေးပျက်ခြင်း ၊ အိပ်ချိန်ပြည့်ပြည့်ဝဝမရခြင်းဟာ ယနေ့ခေတ်လူအများစု လုပ်မိနေတဲ့ ခေတ်သစ်လူနေမှုပုံစံအမှားတစ်ခု ဖြစ်ပါတယ်။ အိပ်ချိန်ကောင်းကောင်းမရတာက စိတ်ဖိစီးမှုပြဿနာနဲ့ ဆက်စပ်နေပြီး ဆံပင်ဖြူပေါက်နိုင်ခြေများပါတယ်။ အိပ်ရေးပျက်ခြင်းက ရုပ်ရောစိတ်ပါကျန်းမာရေးထိခိုက်စေပြီး သင့်ရဲ့နေ့စဉ်ဘဝမှာ ဆိုးကျိုးတွေသက်ရောက်လာနိုင်ပါတယ်။

(၄) အာဟာရမညီမျှခြင်း

Bearded man looking puzzled and confused

Source : Freepik

ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးဆုံးထောက်ပံ့နေတဲ့ ပင်မစနစ်ကြီးတစ်ခုက အာဟာရဓာတ်ပါပဲ။ ခန္ဓာကိုယ်မှာ အာဟာရဓာတ်ပြည့်စုံမျှတစွာမရဘူးဆိုရင် ကျန်းမာရေးလည်း တစ်စထက် တစ်စချို့ယွင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ်လုံလုံလောက်လောက်ရဖို့ မျှတအောင်စားပေးရမှာဖြစ်ပါတယ်။ ဆံသားကျန်းမာရေးအတွက်တော့ ကျန်းမာတဲ့အဆီဓာတ် ၊ ဥအမျိုးမျိုး ၊ အစေ့အဆံ ၊ ဘယ်ရီသီး ၊ ငါး ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်စတာတွေ စားပေးနိုင်ပါတယ်။