သင် ဝတ်ဆင်ထားတဲ့ အဝတ်အစားဖက်ရှင်အရောင်က သင့်ရဲ့စိတ်နေစိတ်ထားကို လှစ်ဟဖော်ပြပေးနိုင်တယ်ဆိုတာကို သင် ယုံကြည်ပါသလား။
အရောင်များနှင့် လူသားများရဲ့စိတ်နေစိတ်ထားကို ခွဲခြမ်းစိတ်ဖြာခြင်းနည်းပညာသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး မားကတ်တင်းပြုလုပ်ရာတွင်လည်းကောင်း၊ ဈေးကွက်ချဲ့ထွင်ရာတွင်လည်းကောင်း ဒီနည်းလမ်းကို အသုံးပြုခဲ့ကြတာပါ။
သင် ကြိုက်တဲ့အရောင် သင် ဝတ်စားထားတဲ့ ဖက်ရှင်အရောင်က သင့်အကြောင်းကို ဘယ်လောက်ထိ မှန်အောင် ပြောနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
အနီရောင်

သင်သည် အနီရောင်ကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ သင့်သည် စွန့်စားလိုစိတ်ရှိသူတစ်ဦးဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားရတာကို ကြိုက်နှစ်သက်ပြီး ရဲရင့်ပြတ်သားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
လိမ္မော်ရောင်

လိမ္မော်ရောင်သည် တီထွင်ကြံဆနိုင်စွမ်းကောင်းမွန်ခြင်း၊ ပျော်ရွှင်ခြင်း၊ လွတ်လပ်လိုစိတ်ရှိခြင်း၊ အောင်မြင်ခြင်းတို့နှင့် ဆက်စပ်လျက်ရှိပြီး ထို (၄) မျိုးစလုံးကို မျှခြေဖြစ်အောင် ထိန်းညှိပေးပါတယ်။ သင်သည် လိမ္မော်ရောင်ကို ကြိုက်နှစ်သက်ပါက ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ဦးလည်းဖြစ်ပါတယ်။
အဝါရောင်
![]()
အကောင်းမြင်စိတ်ရှိခြင်း၊ နွေးထွေးခြင်း၊ မိမိပတ်ဝန်းကျင်ရှိလူများကို ပျော်ရွှင်လာအောင် လုပ်ဆောင်ပေးခြင်း စတဲ့ ကိုယ်ရည်ကိုယ်သွေးများကို ပိုင်ဆိုင်ထားကြပါတယ်ယ။
အပြာရောင်

အပြာရောင် ကြိုက်နှစ်သက်သူများကတော့ ဟာသဉာဏ်အနည်းငယ် ရှိခြင်း၊ သစ္စာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အေးအေးချမ်းချမ်းနေလိုခြင်း စတဲ့ စိတ်နေစိတ်ထားမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။
အစိမ်းရောင်

အစိမ်းရောင် ကြိုက်နှစ်သက်သူများကတော့ သူတစ်ပါးကို ကူညီလိုစိတ်ရှိသူများ၊ ကိုယ်ချင်းစာစိတ်ရှိသူများ၊ လက်တွေ့ကျသူများ၊ မာနထောင်လွှားခြင်း ကင်းမဲ့ကြသူတွေဖြစ်ကြပါတယ်။
ခရမ်းရောင်

ခရမ်းရောင်နှစ်သက်သူများကတော့ ဖြတ်ထိုးဉာဏ်ကောင်းသူများ၊ ကိုယ်ပိုင်အမှတ်တံဆိပ် ဖန်တီးချင်ကြသူများ၊ သူတစ်ပါးနှင့် မတူဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးရတာကို ကြိုက်နှစ်သက်သူတွေဖြစ်ပြီး အခြားသူတွေထက် တီထွင်မှုအား ပိုကောင်းကြသူတွေဖြစ်ပါတယ်။
အဖြူရောင်

အဖြူရောင်ကတော့ ဖြူတယ်ဆိုတဲ့အတိုင်း ရိုးသားဖြူစင်ကြသူများ၊ အပြစ်ကင်းစင်သူများ၊ သန့်ရှင်းမှုကို ခုံမင်ကြသူများ၊ အေးချမ်းမှုကို နှစ်သက်ကြသူတွဖြစ်ပါတယ်။
အနက်ရောင်

အနက်ရောင်သည်လည်း စွန့်စားလိုစိတ်ပြင်းထန်သူတွေဖြစ်ပါတယ်။ အရာရာတိုင်းကို လေးလေးနက်နက်ထား ဆုံးဖြတ်ကြသူတွေဖြစ်ပြီး ယုံကြည်စိတ်ချနိုင်တဲ့လူသားတွေဖြစ်ပါတယ်။
သင်ရော ဘယ်အရောင်ကို ကြိုက်နှစ်သက်ပါသလဲ။ သင့်ရဲ့စိတ်နေစိတ်ထားနဲ့ ရာနှုန်းပြည့်တိုက်ဆိုင်မှုရှိရဲ့လားဆိုတာ ပြောပြခဲ့ပါဦး။
Source: Bigthink.com
Featured Image Source: Orangeink.pk
