လူတိုင်းမှာ အလှအပဆိုင်ရာ ဆောင်ရန်၊ရှောင်ရန် အချက်များ ရှိပါတယ်။ အလှအပနဲ့ ဖက်ရှင်စတိုင်တွေဆိုတာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ပုရိသတွေအတွက်လည်း မဖြစ်မနေ လိုအပ်တဲ့ ကိစ္စရပ်ကြီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဆံပင်စတိုင်ကို ပြုပြင်တော့မယ်ဆိုရင် သတိပြုရှောင်ကြဉ်သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

အိမ်မှာ ဆံပင်ညှပ်ခြင်းကို ရှောင်ပါ

Source: theadultman.com

တတ်နိုင်သရွှေ့ ကိုယ့်အိမ်မှာကိုယ် ဆံပင်ညှပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အမျိုးသားအများစုဟာ ဆံပင်စတိုင်ကို အရမ်းဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ ဆံပင်ညှပ်ခြင်းကို လုပ်ဆောင်တတ်ကြပါတယ်။ ဒါဟာ စတိုင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ အလှမ်းဝေးသွားနိုင်ပါတယ်။

ကိုယ့်မျက်နှာနဲ့လိုက်ဖက်မှု မရှိတဲ့ ဆံပင်စတိုင်မျိုးကို ရှောင်ပါ

Source: theadultman.com

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့အညီ ပေါ်ပေါက်နေတဲ့ ပုရိသတွေ အတွက် ဆံပင်စတိုင်တွေ မျိုးစုံရှိပါတယ်။ ဒါပေမယ့် ခေတ်မှီအောင် ပြောင်းလိုက်တဲ့ ဆံပင်စတိုင်ဟာ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မှု မရှိတဲ့အခါ ရှိရင်းစွဲထက်ပို ကြည့်ရဆိုးသွားစေနိုင်ပါတယ်။

သန့်ရှင်းမှုအားနည်းတဲ့ ဆံပင်ညှပ်ဆိုင်မျိုးကို ရှောင်ပါ။

Source: theadultman.com

ဆံပင်ပုံသွင်းတဲ့ အခါ ကိုယ်သွားတဲ့ ဆိုင်ရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ပြုပြင်ပေးမယ့် Hairstylist ရဲ့ တကိုယ်ရည် သန့်ရှင်းမှု စတဲ့သန့်ရှင်းမှုတွေ ရှိမရှိကိုလည်း ဂရုပြုသင့်ပါတယ်။ ဆိုင်မှာသုံးတဲ့ Hair Instrument တွေ သန့်ရှင်းမှု မရှိတဲ့အခါ ကျန်းမာရေးအတွက်စိုးရိမ်ရသလို Hairstylist က တကိုယ်ရည် သန့်ရှင်းမှုမရှိတဲ့အခါမှာလည်း စိတ်အနှောင့်အယှက် တွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဆံပင်ပြုပြင်တဲ့အခါ စကားပြောနေတတ်တဲ့ Hairstylist မျိုးကို ရှောင်ပါ။

Source: theadultman.com

ဆံပင်ကို ပြုပြင်ပုံသွင်းခြင်းဟာ ဖန်တီးခြင်း အနုပညာတစ်ခု ပဲဖြစ်ပါတယ်။ လုပ်ငန်းအပေါ် အာရုံစူးစိုက် မှုထားတဲ့ Hairstylist တွေဟာ မိမိရဲ့ Customer တွေကို အကောင်းဆုံး Hairstyle တွေဖန်တီးပေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် တချို့ Hairstylist တွေက ဆံပင်ပုံသွင်းနေစဉ်မှာ တခြားလူတွေနဲ့ စကားတွေ ပြောဆိုပြီး အာရုံစူးစိုက်မှု အားနည်းတတ်ပါတယ်။