ဆံပင်ကေက သင့်ကိုချောမောခန့်ညားအောင် ကူညီပေးနိုင်သလို ကိုယ်နဲ့ လိုက်ဖက်မှုမရှိတဲ့ဆံပင်ကေကတော့ သင့်ရဲ့စတိုင်လ်ကို ပျက်ယွင်းစေမှာပါ။ စာဖတ်သူတို့ အခုညှပ်ထားတဲ့ဆံပင်ကေနဲ့ စိတ်တိုင်းကျကြရဲ့လား။ စိတ်တိုင်းမကျဘူးဆိုရင်တော့ နောက်ပုံစံပြောင်းဖို့ ဆံပင်ရှည်လာတဲ့အထိ စောင့်နေရတော့မှာပဲ။

လူတော်တော်များများက ဆံပင်ညှပ်ဆရာတွေရဲ့ ဆေးထိုးခြင်းခံကြရပါတယ်။ အဲ့ဒီအထဲမှာမှ ကမ္ဘာကျော် မင်းသား၊ ဘောလုံးသမားတို့လည်း ပါတာပေါ့။ သူတို့မျက်နှာကျနဲ့ မလိုက်ဖက်တဲ့ဆံပင်ကေညှပ်ပေးလိုက်တော့ နဂိုချောပြီးသားလူတွေတောင် ကြည့်ရဆိုးသွားတာအမှန်ပါပဲ။ ဘယ်သူတွေ ဖြစ်မလဲအတူတူကြည့်လိုက်ရအောင်။

Brad Pitt

ကမ္ဘာကျော်မင်းသားကြီး Brad Pitt ရဲ့ ယခင်ကပုံနဲ့ ယခုပုံ နှစ်ပုံကို ယှဉ်ကြည့်လိုက်ရအောင်။ သပ်ရပ်မှုမရှိ၊ ဆံပင်ဘုတ်သိုက်နဲ့ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးကိုလည်း ရိတ်သင်ထားခြင်းမရှိတော့ ဂူအောင်းလူသားနဲ့တူနေပါတယ်။

Paul Pogba

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား Paul Pogba ရဲ့ ၂၀၁၅ ခုနှစ်တုန်းက ဆံပင်စတိုင်လ်ကို ကြည့်ကြည့်ရအောင်။ သူ့မျက်နှာကျနဲ့ လုံးဝလိုက်ဖက်မှုမရှိတာတော့ အမှန်ပါပဲ။

Bradley Cooper

ဆံပင်အရှည်နဲ့ ကြည့်မကောင်းတဲ့အမျိုးသားထဲမှာ Bradley Cooper လည်း ပါ ပါတယ်။ ဆံပင်အရှည်ထားမယ်ဆိုရင် သူ့လိုမထားဘဲ သပ်သပ်ရပ်ရပ်ထားမှရမှာပါ။

Justin Timberlake

ပေါ့မင်းသားလေး Justin Timberlake ရဲ့ ဆံပင်ကောက်ကောက်ကွေးကွေးတွေက ဘာနဲ့ဆင်တူနေတယ်လို့ထင်ပါသလဲ။ ဟုတ်ပါတယ်…ခေါက်ဆွဲနဲ့တူနေတာပါ။ အဲ့ဒီပုံကို နောက်ပြောင်ကျီစယ်ထားတဲ့ပုံတွေကိုလည်း ဖေ့ဘုတ်ခ်မှာ တွေ့မြင်ဖူးကြမှာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ခန့်ညားနေတဲ့ပုံစံကို တွေ့မြင်ရပါပြီ။

Jonah Hill

Jonah Hill ရဲ့ ဆံပင်က နဂိုကောက်သမားပါ။ ဒါပေမဲ့ ကောက်ကွေးတွန့်လိမ်ပြီးရှည်လျားနေတဲ့ဆံပင်ကေက သူ့ရဲ့မျက်နှာဝိုင်းဝိုင်းနဲ့ မလိုက်ဖက်ပါဘူး။ ပုံနှစ်ပုံကို ယှဉ်ကြည့်ရင် ဘယ်ပုံကအမျိုးသားက ပိုခန့်ညားချောမောနေလဲဆိုတာ သိသာပါတယ်။

Shia LaBeouf

မင်းသားချော Shia LeBeouf ကလည်း ကြွက်မြီးကျစ်ဆံမြီးကေထက်စာရင် သပ်သပ်ရပ်ရပ်ညှပ်ထားတဲ့ကေက ပိုလိုက်ပါတယ်။ ဆံပင်အရှည်ထားချင်တယ်ဆို သတိထားရမှာက ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မှုရှိရဲ့လားဆိုတာပါပဲ။

ဘော်ဒါတို့လည်း အခုဖော်ပြသွားတဲ့မင်းသားချောနဲ့ ဘောလုံးသမားလိုမျိုး ဆံပင်ညှပ်ဆရာအရွေးမမှားမိဖို့ လိုတယ်နော်။

Source: Fashionbeans.com