ခန္ဓာကိုယ်ကြံ့ခိုင်ဖု့ိအတွက် လေ့ကျင့်ခန်းတွေပြုလုပ်တဲ့အခါ အများစုလုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ ဒါကတော့ ရေမချိုးခင် ရေချိုးခန်းထဲမှာ လေ့ကျင့်ခန်းပြုလုပ်တာပဲဖြစ်ပါတယ်။ ဒါဟာလုံးဝရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။
တခြားလူတွေသိမှာစိုးခြင်း
Source: Men Daily
ကိုယ်လေ့ကျင့်ခန်းပြုလုပ်တာကို တခြားလူတွေမမြင်စေချင်တဲ့ စိတ်ခံစားချက်မျိုး လူတချို့မှာရှိတတ်ပါတယ်။ လှောင်ရယ်ခံရမှာကိုမလိုလားကြလို့ပါပဲ။ ဘယ်သူမှမမြင်နိုင်တဲ့ ရေချိုးခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ စဉ်းစားတတ်ကြပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးရေတန်းချိုးခြင်း
Source: Men’s Fitness
လူတချို့က ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်အပြီးမှာ ရေတန်းချိုးတတ်ကြပါတယ်။ အဲ့အတွက်ကြောင့် လေ့ကျင့်ခန်းပြုလုပ်ဖို့ ရေချိုးခန်း ကိုရွေးကြတာပဲဖြစ်ပါတယ်။
ဘာလို့ ရေချိုးခန်းမှာလေ့ကျင့်ခန်းမလုပ်သင့်သလဲ
Source: BIMC Hospital
ရေချိုးခန်းထဲမှာလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ မှားယွင်းတဲ့အပြုအမူတစ်ခုပါပဲ။ ရေချိုးခန်းဆိုတဲ့အတိုင်း ကြမ်းပြင်မှာရေတွေရှိနိုင်ပါတယ်။အခန့်မသင့်လျင် ရေညှိတွေလည်းရှိနေနိုင်ပါတယ်။ ဒီလိုနေရာမျိုးမှာခန္ဓာကိုယ်ကို လှုပ်ရှားပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် မတော်တဆချော်လဲသွားနိုင်ပြီး ခါးနာတာ၊အရိုးကျိုးတာတွေအပြင် တခြားထိခိုက်ဒဏ်ရာတွေမျိုးစုံ ရရှိခံစားရနိုင်ပါတယ်။