ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးဖို့ မျှော်မှန်းခြင်းခံထားရပါတယ်။
ပေါ်တူဂီကြယ်ပွင့်ဟာ သောကြာနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို စိတ်လှုပ်ရှားဖွယ် အပြီးသတ် ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့တရားဝင်ကစားသမားဖြစ်လာဖို့ ဆေးစစ်မှုနဲ့ ဗီဇာ လုပ်ရိုးလုပ်စဉ်တွေ လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ ဝုဗ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့်လည်း ဒီပွဲစဉ်မှာတော့ ရော်နယ်ဒို ပါဝင်ကစားပေးဖို့ စောလွန်းနေသေးတာဖြစ်ပါတယ်။

Photo: standard
ရော်နယ်ဒိုအနေနဲ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖို့ သေချာသလောက် ရှိနေပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပေါ်တူဂီတိုက်စစ်မှူးဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုက အခိုင်အမာဖြစ်လာခဲ့တဲ့အချိန်မှာတော့ အပြောင်းအရွှေ့ဟာ အလွန်အမင်းမြန်ဆန်စွာနဲ့ ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန် ဆန်ချို၊ ရာဖေးလ် ဗာရန်းတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုကိုပါ ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အမှန်တကယ် စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာပြီဖြစ်ပါတယ်။
Featured Photo: Sporting News
