Relationship တစ်ခုကိုအဆုံးသတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ချက်ချင်ဆုံးဖြတ်ချက်ချပြီး စိတ်လိုက်မာန်ပါလုပ်လို့လည်းမရပြန်ပါဘူး။ သို့သော်နှစ်ယောက်လုံးမှာ ထိခိုက်နာကျင်မှုတွေရှိပြီး လမ်းခွဲသင့်လားမသင့်လားဝေခွဲရခက်နေတယ်ဆိုရင်အောက်ပါအချက်တွေကိုဖတ်ကြည့်ပါ။ ဒီအချက်တွေအတိုင်းဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့အချစ်ရေးကိုအဆုံးသတ်ဖို့ စတင်စဉ်းစားသင့်ပါပြီ။
(၁) ရိုးသားမှုမရှိတော့ဘူးဆိုရင်

Source : Pinterest
သစ္စာဖောက်တာ ရှုပ်ပွေတာတွေဟာ ယောကျာ်းလေးအများစုလုပ်တာလို့ သတ်မှတ်ထားလို့မရတော့ပါဘူး။ ဗီဇပါရင် ယောကျာ်းလေးဖြစ်စေမိန်းကလေးဖြစ်စေ လုပ်မှာပါပဲ။ကိုယ့်ချစ်သူစီက မရိုးသားတဲ့အရိပ်ယောင်တွေမြင်လာရတယ် ဥပမာသူဖုန်းယူကိုင်တဲ့အခါ ကမ္ဘာပျက်မတက်ကြောက်လန့်နေတာမျိုး အတူတူရှိနေချိန် ထူးဆန်းတဲ့ ဖုန်းတွေ sms တွေမကြာခဏဝင်လာတာမျိုးစသည်ဖြင့် မရိုးသားတဲ့အရိပ်ယောင်တွေမြင်တွေ့နေရပြီဆိုရင်တော့ သစ္စာဖောက်ခံရဖို့ရာခိုင်နှုန်းများနေပြီဖြစ်တဲ့အတွက် ဒီ relationshipကို အဆုံးသတ်ဖို့ စတင်စဉ်းစားသင့်ပါပြီ။
(၂) စိတ်မပျော်ရွှင်ရတဲ့အချိန်ကပိုများနေတယ်ဆိုရင်

Source : Weddingbee
အချစ်ရေးမှာ စိတ်ညစ်စရာပြဿနာတွေ ညှိနှိုင်းရခက်ခဲတဲ့ အမြင်မတူမှုတွေဆိုတာ rs သက်တမ်းကြာလာတာနဲ့အမျှကြုံတွေ့ရမယ့် ကိစ္စတွေပါ။ဒီလိုအဆင်မပြေမှုတွေကြုံလာတိုင်းလမ်းခွဲဖို့ စဉ်းစားသင့်တယ်လို့ မဆိုလိုပေမယ့် အချိန်တော်တော်များများ နေ့တိုင်းနီးပါးလိုလို ပြဿနာတွေနဲ့ ယဉ်ပါးလာမယ်ဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝက ပြဿနာတွေထဲမှာပဲ နစ်မွန်းလာမှာဖြစ်ပါတယ်။တန်ဖိုးရှိတဲ့ဘဝရဲ့အချိန်တွေကိုပြဿနာတွေကပဲ လွှမ်းမိုးနေမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့သင့်မသင့်စဉ်းစားသင့်ပါပြီ။
(၃) အပေါ်ယံဆက်ဆံရေးမျိုးဖြစ်လာပြီဆိုရင်

Source : www.manitobahawks.com
ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးတွေက အေးစက်တိတ်ဆိတ်ပြီး ငြိမ်သက်နေမယ်ဆိုရင် အပျက်ဘက်ကို ဦးတည်နေပြီဆိုတာသိနိုင်ပါတယ်။တစ်ယောက်တစ်ယောက်ဖုန်းမပြောပဲနေရတာပိုကောင်းလာတာမျိုး မတွေ့ပဲနေတာကပိုအေးချမ်းတာမျိုး ရင်ခုန်စရာမပြောနဲ့ စကားတောင်သုံးခွန်းပြည့်အောင်မပြောချင်တော့တဲ့ အခြေအနေကိုရောက်လာပြီဆိုရင်တော့ ကိုယ့်ရဲ့အချစ်ရေးကိုပြန်သုံးသပ်သင့်ပါပြီ။တစ်ယောက်မရှိလဲ တစ်ယောက်နေနိုင်တဲ့အနေအထားမှာ ချစ်သူတွေလို့ အမည်ခံထားတာကလဲ အမည်ခံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။ဒါကြောင့်တစ်ယောက်ကိုတစ်ယောက်တကယ်ပဲစိတ်ကုန်စိတ်ပျက်နေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းသာပြောဆိုပြီး လမ်းခွဲသင့်ပါတယ်။
