ဘယ်အရာကိုမှ လက်လွှတ်အလျှော့မပေးရဘူးဆိုတဲ့ စကားကို လူတော်တော်များများ ကြားဖူးကြမှာပါ။ ဒီစကားကို လူတော်တော်များများ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ အချိန်တန်လာပြီဆိုရင် လက်လွှတ်လိုက်သင့်တဲ့ အရာတွေရှိနေပါတယ်။ အကြောင်းပြချက်တွေ ခိုင်လုံရင် ကိုယ့်အတွက် အကျိုးမရှိတော့ရင် စသဖြင့် အနှုတ်ဘက်ကိုပဲ သွားနေတယ်ဆိုရင် လက်လွှတ်ဖို့ စဉ်းစားသင့်နေပါပြီ။
ဒီနေ့ kwee page က ဘယ်လိုအချိန်မှာ လက်လျှော့လိုက်သင့်တယ်ဆိုတာကို ပြောပြပေးသွားမှာပါ။
မိမိကိုယ်ကို မနှစ်သက်သောအခါ

Source: inc.magazine
မိမိကိုယ်ကို ချစ်နေဖို့ အရေးကြီးပါတယ်။ တခြားသူတွေ ကိုယ့်ကိုမချစ်တာက ပုံမှန်ပါပဲ။ မိမိကိုယ်ကို ချစ်နေမှ ဘဝကြီးက သာယာတယ်လို့ခံစားရမှာပါ။ ဒီလိုမှမဟုတ်ဘဲ မိမိကိုယ်ကို မနှစ်သက်တော့ဘူး မုန်းလာပြီဆိုရင်တော့ ဘာပဲလုပ်လုပ် အဆင်မပြောနိုင်တော့ပါဘူး။ ဒါကြောင့်မို့လို့ ဘဝရဲ့အရသာကို ဖြည်းဖြည်းနဲ့ ပျော်ပျော်ကြီးခံစားပါ။ အရာရာတိုင်းဟာ အချိန်နဲ့အမျှပြောင်းလဲနေတာပါ။ ဒါကို လက်ခံနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ သင်လည်း ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲဖို့ဆုံးဖြတ်ချက်ချပါ။
ငြိမ်းချမ်းမှုကို နှောင့်ယှက်နေရင်

Source: Wanderlust Worker
အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာကိုသိရှိ နားလည်ထားဖို့လိုအပ်ပါတယ်။ စိတ်ညစ်စရာတွေပဲ အမြဲတမ်းရှိမနေပါဘူး။ ဒီလိုပဲ ပျော်ရွှင်စရာတွေပဲ အမြဲတမ်းရှိမနေနိုင်ပါဘူး။ အလိုမကျမှုတွေများနေတာက သင့်ရဲ့စိတ်ကို ပင်ပန်းစေပြီး စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကို နှောင့်ယှက်ဖျက်စီးတက်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ကြိုးပမ်းမှုတွေအတွက်တော့ ကိုယ်ပိုင်ပျော်ရွှင်မှုရရှိဖို့ ထိုက်တန်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆို ဘာအဓိပ္ပါယ်မှမရှိတော့တဲ့အတွက် လက်လွှတ်လိုက်ဖို့ သင့်နေပါပြီ။
ပျှော်ရွှင်မှုကို မခံစားရတော့တဲ့ အခါ

Source: Sctas
ပျှော်ရွှင်မှုဆိုတာ ငြိမ်းချမ်းမှုကို အခြေပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ အရာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ထောက်ပြထားကြပါတယ်။ ဒါကြောင့် ပျှော်ရွှင်ချင်တယ်ဆိုရင် သင့်ရဲ့စိတ်ကို အရင်ဆုံးငြိမ်းချမ်းမှုရှိနေအောင် ပြုလုပ်ရပါလိမ့်မယ်။
တစ်စုံတစ်ယောက်ကို သင်လိုချင်တဲ့ ပုံစံပုံသွင်းတာမျိုး (သို့) အခြေအနေတစ်ခုကို သင်လိုချင်တဲ့ ပုံစံဖြစ်အောင် ပြုပြင်ပြောင်းလဲတာမျိုး သင်လုပ်ဖူးမှာပါ။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် အခြေအနေတွေက တိုးတက်မလာဘူး ပြီးတော့ ဒီကိစ္စကသင့်အတွက် အချိန်တိုင်း စိတ်ညစ်စရာ ခေါင်းရှုပ်စရာတွေပဲ ဖြစ်နေမယ် စိတ်ဖိစီးမှုတွေပဲ ရှိနေတယ်ဆိုရင် လက်လျှော့လိုက်သင့်ပါပြီ။
နှလုံးသားက ငြင်းပယ်လာတဲ့အခါ

Source: Daughters of Africa
“အောင်မြင်ချင်ရင် နှလုံးသားခေါ်ဆောင်ရာနောက်ကိုလိုက်ပါ” ဆိုတဲ့ စကားကို ရုပ်ရှင်တွေတော်တော်များများနဲ့ စာအုပ်တွေထဲမှာ ရေးသားထားတာတွေကို မြင်ဖူးဖတ်ဖူးကြမှာပါ။ ဟုတ်ပါတယ် တစ်ခုခုလုပ်တော့မယ်ဆိုရင် ဦးနှောက်နဲ့ပဲ ဆုံးဖြတ်တာထက်စာရင် နှလုံးသားကလာတဲ့ စကားတွေကိုလည်း နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပျှော်ရွှင်မှုဆိုတာကို ခံစားရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ နှလုံးသားက မွန်းကြပ်လာတယ် အခန်းတစ်ခုထဲ ပိတ်မိနေသလိုမျိုးနဲ့ အမြဲတမ်းလိုလို ဝမ်းနည်းနေရတာမျိုးတွေဖြစ်လာတယ် ကြိုးစားမှုတွေက အရာမထင်တော့ဘူးဆိုရင် လက်လျှော့ဖို့ စဉ်းစားသင့်နေပါပြီ။
