တက်တူးကို ဘယ်နေရာမှာ ထိုးမယ်လို့ စိတ်ပိုင်းဖြတ်တယ်ဆိုရင်တောင်မှ မိမိထိုးချင်တဲ့နေရာတိတိကျကျဖြစ်မှာတော့မဟုတ်လောက်ပါဘူး။ တချို့တက်တူးများသည် မည်သည့်နေရာမှမဆို ထိုးနိုင်ပြီး လက်မောင်းနှင့် ခြေသလုံးကတော့ လူအများ အထိုးများတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ လည်ပင်းလိုမျိုး အထိမခံတဲ့နေရာမှာ ထိုးမယ်ဆိုရင်တော့ သေချာစဉ်းစားဖို့ လိုပါလိမ့်မယ်။

လက်မောင်းပေါ်ရှိ တက်တူးများ

tattoos design for men tattoos design for men

လက်မောင်းပေါ်မှာ တက်တူးထိုးတဲ့အခါ လက်တစ်ချောင်းလုံး ထိုးမှာလား။ လက်မောင်း တစ်ဝက်ပဲ ထိုးမှာလားဆိုတာသည် သင် ရွေးချယ်လိုက်တဲ့ တက်တူးအမျိုးအစားပေါ်မှာ မူတည်ပါတယ်။

ပုခုံးတက်တူးများ

tattoos design for men tattoos design for men

အချို့ကလည်း လက်မောင်းအစပ်နားလေးပဲမဟုတ်ဘဲ ပုခုံးအထိ ထိုးတတ်ကြပါတယ်။

ရင်အုပ်တက်တူးများ

tattoos design for men tattoos design for men

ရင်အုပ်သည်လည်း တက်တူးချစ်သူများအကြား ပေါ်ပြူလာဖြစ်ပြီး ထိုးလို့ကောင်းတဲ့ တက်တူးနေရာပဲဖြစ်ပါတယ်။

ကျောကုန်းပေါ်ရှိတက်တူးများ

tattoos design for men tattoos design for men

တက်တူးကြီးကြီးလေး ထိုးချင်သူများအတွက်ကတော့ ကျောကုန်းနေရာသည် အသင့်တော်ဆုံးနေရာပဲဖြစ်ပါတယ်။

လက်ဖျံတက်တူးများ

tattoos design for men tattoos design for men

မိမိတက်တူးကို ဘယ်သူမြင်မြင် ဂရုမစိုက်ဘူးဆိုတဲ့ တက်တူးချစ်သူတွေကတော့ လက်ဖျံပေါ်မှာ တက်တူးရေးထိုးပေးလိုက်ပါ။

ခြေသလုံးရှိတက်တူးများ

tattoos design for men tattoos design for men

ဘောင်းဘီအတို ဝတ်တဲ့အခါ သင့်တက်တူးကို လှစ်ဟပြသနိုင်ပြီး တက်တူးကို ဖုံးထားချင်တယ်ဆိုရင်တော့ ဘောင်းဘီအရှည် ဝတ်ပေးလိုက်ရုံပါပဲ။

ပေါင်ပေါ်ရှိ တက်တူးများ

tattoos design for men tattoos design for men

ပေါင်မှာ တက်တူးရေးထိုးတဲ့အခါ တစ်ခုသတိထားရမှာကတော့ သင့်ရဲ့ကိုယ်အလေးချိန်အတက်အကျပေါ် မူတည်ပြီး တက်တူးက မိမိထိုးတုန်းကပုံစံအတိုင်း မလှမပဖြစ်နိုင်တယ်ဆိုတာပါပဲ။

လက်ကောက်ဝတ်တက်တူးများ

tattoos design for men tattoos design for men

တက်တူးတစ်ခုမှ မထိုးဖူးလို့ တက်တူးသေးသေးလေးနဲ့ အစပြုမယ်ဆိုရင်တော့ လက်ကောက်ဝတ်နေရာက အသင့်တော်ဆုံးပါပဲ။

ခြေကျင်းဝတ်တက်တူး

tattoos design for men tattoos design for men

လက်ကောက်ဝတ်နေရာမှာလိုပဲ ခြေကျင်းဝတ်နေရာသည်လည်း တက်တူးအသေးစားများအတွက် သင့်တော်ပါတယ်။

လည်ပင်းတက်တူး

tattoos design for men tattoos design for men

လည်ပင်းမှာ တက်တူးရေးထိုးဖို့ဆုံးဖြတ်တဲ့အခါ သင့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ ပတ်သက်ပြီး သေချာစဉ်းစားဖို့လိုပါတယ်။ သင် ရှေ့ဆက်လျှောက်မယ့် အနာဂတ်အလုပ်အကိုင်အတွက် သင့်တက်တူးသည် အတားအဆီးတစ်ခုမဖြစ်ဖို့အရေးကြီးပါတယ်။

Source: Toptrendsguide.com