High-Top Sneaker ဆိုတာ ခြေကျင်းဝတ်ကို ဖုံးတဲ့အထိ လည်ရှည်တဲ့ Sneakers တွေကို ပြောတာပါ။ High-Top တွေကို ဘက်စကတ်ဘော Shoes တွေအဖြစ် ညွှန်းခဲ့ကြဖူးပါတယ်။ Sports-Casual ဖိနပ်အမျိုးအစားဖြစ်လို့ အခုလို ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။ Sneaker တွေရဲ့ Sporty ဆန်မှုဟာ High-Top တွေမှာလည်း ဩဇာလွှမ်းမိုးထားပါတယ်။

တကယ်တော့ High-Top တွေကို Sports မှာတင် ဝတ်ရတာတော့ မဟုတ်ပါဘူး။ High-Top Sneakers တွေကို နေရာမရွေး စီးနိုင်ပြီး အခုပြောမယ့် နေရာမျိုးမှာလည်း High-Top Sneaker တွေ စီးနိုင်ပါတယ်။

(၁) Formal ပွဲတွေ

How To Wear High-Tops Formally

Photo: Dmarge

ပွဲတက်ဖက်ရှင်တွေ ဝတ်ရာမှာလည်း High-Tops တွေ စီးနိုင်ပါတယ်။ ၂၀၀၀ ပြည့်လွန် နှစ်ဆန်းပိုင်းက ဒီဇိုင်နာတွေဟာ အလုပ်မှာ စီးနိုင်အောင် တန်ဖိုးမြင့် High-Tops တွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီလို High-Top Sneakers တွေဟာ Jeans ၊ Tuxedo ဖက်ရှင်တွေနဲ့လည်း ဝတ်ဆင်နိုင်ပါတယ်။ ကိုယ်သွားမယ့် အခမ်းအနားပေါ်လိုက်ပြီး မှန်ကန်တဲ့ High-Top ကို ကောင်းကောင်းလေး ရွေးသွားရုံပါပဲ။

သိပ် Formal ကျလွန်းတဲ့ ပွဲတွေ (ဥပမာ- Black Tie တပ်ရတဲ့ပွဲမျိုး) မှာ High-Top Sneaker ကို High-Low Dressing နဲ့ ဝတ်သွားသင့်ပါတယ်။ ဝတ်ရမှာက Tailored-Made Tuxedo နဲ့ ခြေကျင်းဝတ်အထက်ရောက်တဲ့ Cropped Trousers တွေ ဝတ်ပေးသင့်ပါတယ်။ ဒီလိုပွဲတွေမျာ Christian Louboutin လိုမျိုး ပရီမီယံ High-Tops တွေ စီးနိုင်ပါတယ်။

ကော့တေးလ်ပါတီလိုမျိုး ပေါ့ပေါ့ပါးပါး Formal ပွဲမျိုးမှာလည်း High-Top စတိုင်နဲ့ တက်နိုင်ပါတယ်။ Black Jeans ဘောင်းဘီကို Blazer ကုတ်အပါး ၊ Tee-Shirt တစ်ထည်နဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) Activewear ပွဲတွေ

How To Wear High-Tops With Activewear

Photo: Dmarge

High-Top တွေရဲ့ Original ဟာ ဘက်စကတ်ဘော Shoes တွေအဖြစ် စတင်ခဲ့တာ ဖြစ်လို့ Activewear အနေနဲ့ ဝတ်မယ်ဆိုရင်လည်း မှားစရာမရှိပါဘူး။ Sportswear ကိုမှ ဖက်ရှင်အရ ပိုပြီး ပေါ်လွင်ချင်ရင် High-Top Sneaker တွေ ရွေးချယ်နိုင်ပါတယ်။ ရုံးပိတ်ရက်တွေလို ပေါ့ပေါ့ပါးပါး စိတ်အားလက်အားအချိန်မှာ High-Tops ကို Slim Cutting နဲ့ ချုပ်ထားတဲ့ Tracksuit Pant ၊ အနက်ရောင် Black Tee နဲ့ ဂျက်ကတ်လက်ပြတ်မျိုး ဝတ်သင့်ပါတယ်။

Workout လုပ်ရင်း စီးချင်ရင် Workout Short ဘောင်းဘီတိုနဲ့ High-Tops ဖက်ရှင်ကလည်း ကြံ့ခိုင်ပြီး ယောင်္ကျားပီသမှုကို ညွှန်းပါတယ်။ အရောင်အနေနဲ့ Monochrome ကာလာတွေ ဖြစ်တဲ့ မီးခိုးရောင် Tee ၊ အနက်ရောင် ကင်းဗတ်စ်သား High-Tops နဲ့ ဘောင်းဘီတိုမျိုးကို ရွေးချယ်သင့်ပါတယ်။

Featured Photo: cheatsheet