ကမ္ဘာကြီးသည် စာအုပ်တစ်အုပ်ဖြစ်ပြီး ခရီးမသွားကြသူများကတော့ စာမျက်နှာတစ်မျက်နှာတည်းကိုသာ ဖတ်ရှုကြသူတွေဖြစ်တယ်လို့ Augustine Of Hippo က ဆိုထားပါတယ်။
ခရီးသွားခြင်းသည် စိတ်အပန်းပြေစေရုံသာမကဘဲ ကွီးတို့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဖိစီးစရာများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကွီးအနေနဲ့ နေရာအနှံ့အပြားကို သွားရောက်လည်ပတ်ချင်တယ်။ ပြည်တွင်းတွင်သာမက ပြည်ပခရီးလည်း သွားချင်တယ်။ ဒါပေမဲ့ ဘယ်နေရာကို သွားလည်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။
ဒီဆောင်းပါးလေးက ကွီးရဲ့ရာသီခွင်ပေါ် မူတည်ပြီး ဘယ်နေရာသို့ သွားရောက်လည်ပတ်သင့်သလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
မိဿရာသီဖွား
Photo: Scubadiving.com.au
မတ်လ ၂၁ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မိဿရာသီဖွားများသည် ရဲရင့်ပြတ်သားကြပြီး စွန့်စားမှုကို ရှာဖွေရတာ နှစ်သက်ကြပါတယ်။ စွန့်စားမှုကို နှစ်သက်သူများအတွက်တော့ Sydney က ကမ်းလင့်ကြိုနေပါတယ်။ Sydney ရှိ ကမ်းရိုးတန်းများသည် လှပပြီး ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာနိုင်ပါတယ်။
ပြိဿရာသီဖွား
Photo: Planetware
ဧပြီ ၂၀ ရက်နေ့နှင့် မေလ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ပြိဿရာသီဖွားများကတော့ ယုံကြည်စိတ်ချရတဲ့လူသားတွေဖြစ်ပါတယ်။ ထိုသူတွေအတွက်တော့ အီတလီရှိ Florence မြို့က အလိုက်ဖက်ဆုံးပါပဲ။
မေထုန်ရာသီဖွား
Photo: Bestproducts
မေလ ၂၁ ရက်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မေထုန်ရာသီဖွားကတော့ အတွေ့အကြုံအသစ်များ ရှာဖွေရတာကို နှစ်သက်ကြပါတယ်။ ထိုသူများအတွက်တော့ အသစ်အဆန်းများနဲ့ ပြည့်နှက်နေတဲ့ နယူးယော့ခ်မြို့ကို သွားရောက်လည်ပတ်သင့်ပါတယ်။
ကရကုဋ်ရာသီဖွား
Photo: Planetware
ဇွန်လ ၂၁ ရက်နေ့နဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကြား မွေးဖွားတဲ့ ကရကုဋ်ရာသီဖွားများကတော့ စိတ်ကူးယဉ်ဆန်ပြီး မှတ်ဉာဏ်စွမ်းရည်လည်း မြင့်မားကြပါတယ်။ ထိုသူများအတွက်တော့ စပိန်နိုင်ငံရှိ Barcelona က ကမ်းလင့်ကြိုနေပါတယ်။
သိဟ်ရာသီဖွား
Photo: Catseducation
ဇူလိုင်လ ၂၃ ရက်နေ့နှင့် သြဂုတ်လ ၂၂ ရက်နေ့အကြား မွေးဖွားတဲ့ သိဟ်ရာသီဖွားများကတော့ သဘာဝအလှအပကို နှစ်သက်ကြပြီး မြို့ပြအလှကိုလည်း ခုန်မင်ကြသူတွေဖြစ်ပါတယ်။ ထိုသူတွေအတွက်တော့ အင်္ဂလန်နိုင်ငံရှိ လန်ဒန်မြို့က အလည်ပတ်သင့်ဆုံးပဲဖြစ်ပါတယ်။
ကန်ရာသီဖွား
Photo: Tourist-destinations.net
သြဂုတ်လ ၂၃ ရက်နေ့နှင့် စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ ကန်ရာသီဖွားများကတော့ ပြီးပြည့်စုံမှုကို နှစ်သက်ကြပြီး အလှအပကိုလည်း စိတ်ဝင်စားကြပါတယ်။ ထိုရာသီဖွားများအတွက်တော့ Costa Rica ရှိ San Jose မြို့က အလိုက်ဖက်ဆုံးပါပဲ။
တူရာသီဖွား
Photo: Rivierabarcrawltours
စက်တင်ဘာလ ၂၃ ရက်နေ့နှင့် အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ တူရာသီဖွားများကတော့ အရသာရှိတဲ့အစားအစာများ၊ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံများ၊ ခမ်းနားလှပတဲ့ အနုပညာလက်ရာများကို နှစ်သက်ကြပါတယ်။ ထိုသူများအတွက်တော့ ပြင်သစ်နိုင်ငံရှိ ပါရီမြို့က အသင့်တော်ဆုံးပါပဲ။
ဗြိစ္ဆာရာသီဖွား
Photo: Planetware
အောက်တိုဘာလ ၂၃ ရက်နေ့နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဗြိစ္ဆာရာသီဖွားများကတော့ ဆန်းကြယ်သော အရာများကို စိတ်ဝင်စားကြပါတယ်။ ထိုသူများအတွက်တော့ အီတလီရှိ မီလန်မြို့က စောင့်ကြိုနေပါတယ်။
ဓနုရာသီဖွား
Photo: Travelingcanucks
နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဓနုရာသီဖွားများကတော့ ပွင့်ပွင့်လင်းလင်းရှိကြပြီး သူတို့ချစ်တဲ့သူတွေအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးမယ့်သူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွက်တော့ Ireland နိုင်ငံရှိ Dublin မြို့က အလိုက်ဖက်ဆုံးပါပဲ။
မကာရရာသီဖွား
Photo: Planetware
ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ဇန်နဝါရီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မကာရရာသီဖွားများက ရည်မှန်းချက် ကြီးမားသူတွေဖြစ်ပါတယ်။ ထိုသူများအတွက်တော့ Washington D.C မြို့က အလည်ပတ်သင့်ဆုံးပါပဲ။
ကုမ်ရာသီဖွား
Photo: Planetware
ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အကြား မွေးဖွားးသူများကတော့ အမြဲတမ်းစွမ်းအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေသူတွေဖြစ်ကြပါတယ်။ ကုမ်ရာသီဖွားများအတွက်ကတော့ တရုတ်နိုင်ငံရှိ ရှန်ဟိုင်းမြို့က အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိန်ရာသီဖွား
Photo: Thecrazytourist
ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့အကြား မွေးဖွားကြသူများသည် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားကြသူများဖြစ်ကြပါတယ်။ ထိုသူများအတွက်တော့ Sweden နိုင်ငံရှိ Stockholm မြို့က အလိုက်ဖက်ဆုံးပါပဲ။
Featured Image: Nikkivargas.medium