ကြက်ဥကအရင်ဖြစ်တာလား ကြက်မကအရင်ဖြစ်တာလားဆိုတဲ့ မေးခွန်းဟာ လူတော်တော်များများငြင်းခုန်နေကြတဲ့ စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့လူတွေက ကြက်မ မရှိဘဲ ဥ မဖြစ်လာနိုင်ဘူးလို့ ပြောကြသလို တစ်ချို့လူတွေကလည်း ကြက်ဥမရှိဘဲ ကြက်မ မဖြစ်လာနိုင်ဘူးလို့ ပြောကြပါတယ်။ လူတွေဘယ်လိုပဲပြောနေပါစေ သိပ္ပံပညာရှင်တွေကတော့ တိကျခိုင်မာတဲ့ သိပ္ပံပညာရပ်နဲ့ အဖြေထုတ်ပေးထားလိုက်ပါပြီ။

Source: Patty Ponders

ကြက်ဥတွေက ကြက်တွေထက် ပိုစောပါတယ်။ ဒိုင်နိုဆောတွေ ဥအုကြတယ်။ ပြီးတော့ ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာတဲ့ ပထမဆုံး ငါးမျိုးနွယ်ဝင်တွေကလည်း ဥ ဥချကြပါတယ်။ ပိုပြီးထူးဆန်းတာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၅၀၀) ခန့် Cambrian ခေတ်တုန်းအခါက ပင်လယ်တိမ်ပိုင်းမှာ ကျက်စားခဲ့ကြတဲ့ တိရိစ္ဆာန်တွေကလည်း ဥ ဥကြတာပါပဲ။ ဥ ဆိုတာ ရှေးပဝေသဏီကတည်းက ရှိနေတယ်ဆိုတာ ဒါတွေက သက်သေပါပဲ။

အပေါ်မှာ ပြောခဲ့တာတွေကို ကျွန်တော်တို့ အပြည့်အဝ လက်ခံကောင်း လက်ခံမိပါလိမ့်မယ်။ ကြက်ဥ အရင် ကြက်မဖြစ်တယ် ဆိုတဲ့ အယူအဆကိုလက်ခံဖို့ကတော့ အခုထပ်ပြောမယ့်အကြောင်းကို ပရိသတ်တွေ ဘယ်လိုမြင်သလဲ ဆိုတာအပေါ်ပဲ မူတည်နေပါတယ်။

Source: Australian Academy of Science

Warwick နဲ့Sheffield တက္ကသိုလ်တွေက သုတေသနပြုသူတွေကတော့ ကြက်ဥဆိုတာ ဖြစ်လာဖို့အတွက် ကြက်မရဲ့ သားဥအိမ်က ပရိုတိန်းဓာတ်လိုကို လိုတယ် လို့ ပြောကြပါတယ်။ အမှန်တကယ်လည်း ကြက်ဥတိုင်းဟာ ကြက်မကနေရတာပါ။ ဒါကြောင့် လူတွေက ကြက်မကသာ အရင် ဖြစ်တယ် လို့ ယူဆနေကြတာပါ။ ဒါလည်း ကိစ္စမရှိပါဘူး။ လူတစ်ဦးချင်းစီမှာ ကိုယ့်ယူဆချက်နဲ့ကိုယ်ရှိကြတာ ပုံမှန်ပါပဲ။

Source: Science Focus

ငှက်တွေ ကြက်တွေရယ်လို့ မဖြစ်ခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါးတွေလောက်သာ ဆင့်ကဲတိုးတက်မှု ဖြစ်နေစဉ်ကတည်းက ဥတွေ ရှိနေခဲ့တာပါ။ နောက်ပိုင်း အချိန်တစ်ခုအကြာမှာ ကြက်နဲ့ နီးစပ်တဲ့ ငှက်တစ်မျိုးက ဥ ဥချလိုက်တယ်။ အဲဒီဥကနေ ပထမဆုံး ကြက်ဆိုတဲ့ သတ္တဝါတစ်ကောင် ပေါက်လာပါတယ်။ ဒါကတော့ ပညာရှင်တွေ သုသေတနပြုထားတာပါ။ ပရိသတ်တွေအနေနဲ့လည်း အမြင်တွေ ကွဲလွဲနိုင်ပါတယ်။