အငွေ့တထောင်းထောင်းထနေတဲ့ ရေပူတွေထက် ရေအေးအေးလေးနဲ့ ရေချိုးပေးခြင်းက ကောင်းကျိုးအစုံအလင်ရရှိနိုင်တယ်ဆိုတာကို အရင်တုန်းကလည်း ဖော်ပြပေးခဲ့ဖူးပါတယ်။

အခုတစ်ခါမှာလည်း ဒီလိုရေအေးနဲ့ချိုးပေးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးအစုံအလင်ကို အကျယ်တဝင့် ဆက်ပြီးတော့ ဖော်ပြပေးချင်ပါတယ်။

အပူချိန်လေးပြောင်းလိုက်ရုံနဲ့တင် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေက အံ့မခန်းဖြစ်တဲ့အတွက်ကြောင့် ကျော်မသွားဘဲ သေချာပေါက် ဖတ်ရှုပေးဖို့ အကြံပြုချင်ပါတယ်နော်။

ကဲ…ဒါဆိုရင်တော့ ကောင်းကျိုးလေးတွေကို ကြည့်လိုက်ရအောင်ပါ။

၁။ စိတ်ပိုင်းဆိုင်ရာ ဒူပေနာပေခံနိုင်ခြင်း

Source: target.com

ပုံမှန်အားဖြင့် ကိုယ်က ဒေါသဖြစ်လွယ်၊ စိတ်တိုလွယ်၊ စိတ်ရှုပ်လွယ်တတ်သူဖြစ်ပါသလား။ ဒါဆိုရင်တော့ ရေအေးနဲ့ ရေချိုးပေးခြင်းက ကူညီပေးနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုလျော့ချပေးခြင်း

Source: SPY

ရေအေးနဲ့ ရေချိုးပေးခြင်းက Uric Acid ဓာတ်ကို လျော့ကျစေပြီးတော့ သွေးအတွင်းက Glutathione ပမာဏကို မြှင့်တင်ပေးတာကြောင့် ယေဘုယျအားဖြင့် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေမှာဖြစ်ပါတယ်။

၃။ နိုးကြားစေခြင်း

Source: SHP Online

ရေအေးနဲ့ ရေချိုးနေစဉ်အတွင်းမှာ အသက်ပြင်းပြင်းရှူသွင်းရှူထုတ် ပြုလုပ်ရတဲ့အတွက်ကြောင့် အောက်ဆီဂျင်ရှူသွင်းမှုနဲ့ နှလုံးခုန်နှုန်းတို့ကို မြှင့်တက်စေတာကြောင့် တစ်နေ့တာလုံးမှာ လုံလောက်တဲ့စွမ်းအင်တွေရှိနေစေမှာဖြစ်ပါတယ်။

၎။ အသားအရေနဲ့ ဆံကေသာကို ပိုမိုလှပလာစေခြင်း

Source: FashionBeans

သင့်ရဲ့ ဆံကေသာနဲ့ အသားအရေကို နဂိုထက် ပိုပြီးတော့ လှပလာစေချင်တယ်ဆိုပါက ရေအေးနဲ့ ရေချိုးပေးပါ။ ငွေကုန်ကြေးကျသက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သဘာဝအတိုင်းထွက်ရှိတဲ့ အသားအရေပေါ်က အဆီတွေကို ဆုံးရှုံးသွားခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဆံကေသာကိုလည်း ကျန်းမာသန်စွမ်းစေကာ ပြောင်လက်တောက်ပတဲ့ အသွင်ကို ပေးစွမ်းစေမှာဖြစ်ပါတယ်။ ဆံပင်တွေကျွတ်မှာကြောက်တဲ့ အမျိုးသားများအတွက်တော့ နည်းလမ်းကောင်းတစ်ခုပါပဲ။

၅။ ကိုယ်အလေးချိန်လျော့ချနိုင်ခြင်း

Source: Delawareonline.com

အပြင်ပန်းသဏ္ဍာန်ကြည့်ကောင်းဖို့အတွက် ရေအေးကကူညီပေးနိုင်ရုံသာမကဘဲ အဆီတွေဖယ်ရှားဖို့အတွက်လည်း ဆောင်ကျဉ်းပေးနိုင်ပါသေးတယ်။ လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီနှစ်မျိုးထဲက Brown Fat ကို အအေးဓာတ်က အသက်သွင်းလိုက်ရာကနေ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

Featured Image Source: The Loop