လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ခြင်းက စိတ်ရောကိုယ်ပါကျန်းမာစေသလို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကိုဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။ဒါပေမယ့် ကိုယ်ကပေါင်မှာ အဆီများနေသူတစ်ယောက်ဆိုပါစို့။ ဘယ်လေ့ကျင့်ခန်းကပေါင်ကအဆီတွေကိုကျဖို့ ကူညီပေးတယ်ဆိုတော့ တော်တော်များများမသိကြပါဘူး။ဒီနေ့မှာတော့ အဆီကျပြီးကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်စေဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ရွေးချယ်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေကို ပြောပြပေးချင်ပါတယ်။
(၁) လမ်းလျောက်ခြင်း
Source : Shutterstock
လမ်းလျောက်ခြင်းလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ကျစ်လစ်သွယ်လျစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ခြေသလုံးနဲ့ ပေါင်မှာရှိတဲ့ အဆီတွေကို အလျင်မြန်ဆုံးကျစေမှာဖြစ်သလို လက်မောင်းတစ်ဝိုက်ကအဆီတွေကိုလည်းကျစေပါတယ်။အဓိကအားဖြင့် လမ်းလျောက်လေ့ကျင့်ခန်းဟာ ခြေထောက်နဲ့လက်မောင်းကြွက်သားတွေအပေါ် အကျိုးသက် ရောက်မှုရှိစေပါတယ်။
(၂) ယောဂကစားခြင်း
Source : Shutterstock
ယောဂလေ့ကျင့်ခန်းဟာလည်း အဆီကျဖို့အထိရောက်ဆုံးကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်သွယ်လျလှပတဲ့ဘော်ဒီမျိုးပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ပခုံးနဲ့ ခြေထောက်တစ်ဝိုက်ကအဆီ တွေကိုအလျင်မြန်ဆုံးကျချင်တယ်ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကိုလုပ်ဆောင်သင့်ပါတယ်။အဓိကအားဖြင့် ယောဂလေ့ကျင့်ခန်းက ပခုံး ဝမ်းဗိုက်နဲ့ ခြေထောက်ကြွက်သားတွေအပေါ်အကျိုးသက်ရောက်မှုရှိစေပါတယ်။
(၃) တင်းနစ်ရိုက်ခြင်း
Source : Shutterstock
တင်းနစ်ကစားနည်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားပြုလုပ်ပေးရတဲ့ ကစားနည်းတစ်ခုဖြစ်တဲ့အတွက် အဆီပိုတွေအမြန်ဆုံးလောင်ကျွမ်း စေပါတယ်။တင်းနစ်ကစားနည်းက လက်မောင်းအားကိုအသုံးပြုပြီးကစားရတာကြောင့် လက်မောင်းကြွက်သားတွေကိုသန်မာစေတဲ့အပြင် ပြေးလွှားပြီးကစားရတဲ့အတွက် ခြေထောက်နဲ့ပေါင်ကအဆီတွေကိုလည်းကျစေပါတယ်။အဓိကအားဖြင့် တင်းနစ်ကစားနည်းက ခြေထောက် ပခုံးနဲ့ လက်မောင်းတစ်ဝိုက်ကကြွက်သားတွေအပေါ်အကျိုးသက်ရောက်မှုရှိစေပါတယ်။
(၄) ရေကူးခြင်း
Source : Shutterstock
ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ အဆီတွေကို အမြန်ဆုံး ကျချင်တယ်ဆိုရင်တော့ ရေကူးခြင်းလေ့ကျင့်ခန်းက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ရေကူးခြင်း ကမြန်မြန်ဆန်ဆန်ဘဲ အဆီကျစေတဲ့အပြင် ခန္ဓာကိုယ်ကြွက်သားတွေ သန်မာလာအောင်လည်းကူညီပေးပြီး ရင်အုပ်နဲ့ ပခုံးကြွက်သားတွေကို ကျယ်ကားလာစေပါတယ်။အဓိကအားဖြင့် ရင်ဘတ် လက်မောင်းနဲ့ ကျောအပေါ်ဘက်ကကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။
(၅) စက်ဘီးစီးခြင်း
Source : Shutterstock
စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ကြသူအများစုဟာ ခန္ဓာကိုယ်မှာအဆီပိုတွေကင်းစင်ပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်လေ့ရှိကြပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းကလည်း အချိန်တိုအတွင်းအဆီတွေပိုမိုလောင်ကျွမ်းဖို့ကူညီပေးပြီး ပေါင်နဲ့ တင်ပါးတစ်ဝိုက်ကအဆီကိုအထိရောက်ဆုံးကျစေပါတယ်။အဓိကအားဖြင့် ခြေသလုံး ပေါင် နဲ့တင်ပါးကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖစ်ပါတယ်။