ယမကာဆို ခပ်ပြင်းပြင်းမှဆိုတဲ့ ကွီးတို့အတွက်တော့ Whiskey Based Cocktails တွေက အကြိုက်တွေ့စေမှာ သေချာပါတယ်။ Whiskey ကို ပုံမှန်အတိုင်း ရေခဲ ၊ Mixers တစ်မျိုးမျိုးနဲ့ ရောစပ်သောက်တာက ဝီစကီရဲ့ အရသာကို ပေါ်လွင်စေမယ့် အကောင်းဆုံး Whiskey သောက်နည်းတစ်မျိုးဆိုပေမယ့် သမားရိုးကျအတိုင်း သောက်ရတာ အနည်းငယ် ငြီးငွေ့လာတယ်ဆိုရင်တော့ ပြင်းပြင်းရှရှ အရသာထူးကဲတဲ့ Whiskey Cocktails တွေကို မြည်းစမ်းကြည့်သင့်ပါတယ်။

(၁) Cinnamon Maple Whiskey Sour

Photo : Pinterest

ဒီ Cocktails ရဲ့ အရသာကတော့ ချိုချဉ်ပြုံး အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်ရနံ့တို့ ပေါင်းစပ်ထားတဲ့ ဆောင်းရာသီအငွေ့အသက်တွေ ခံစားရမယ့် Cocktails တစ်ခွက် ဖြစ်ပါတယ်။ Bourbon ၊ Maple Syrup ၊ သံပုရာ Juice နဲ့ သစ်ကြံပိုးခေါက်တို့ ပေါင်းစပ်ထားတဲ့ ချိုချဉ်မွှေး ထူးကဲရတဲ့ အရသာနဲ့ စွဲမက်စရာ Cocktails တစ်ခွက် ဖြစ်ပါတယ်။

(၂) Passion Fruit Bourbon Sour

Photo : Pinterest

လတ်ဆတ်တဲ့ သစ်သီးအရသာနဲ့ စိတ်ရွှင်လန်းဆန်းစေတဲ့ နွေရာသီအတွက် အကောင်းဆုံး ဒီ Cocktails တစ်ခွက် ဖြစ်ပါတယ်။ Passion Fruit Syrup ၊ Bourbon နဲ့ ကြက်ဥ အကာတို့ကို ပေါင်းစပ်ပြီး ဖျော်ထားတာပါ။ ချိုချဉ်ခါးသပ်အရသာနဲ့ အဝင်ကောင်းပြီး တရိပ်ရိပ် ယစ်မူးစေမယ့် Cocktails ဖြစ်ပါတယ်။

(၃) Manhattan

Photo : Pinterest

ဒီ Cocktails က ခရစ္စမတ် အားလပ်ရက်တွေမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် သောက်နိုင်မယ့် Cocktails တစ်ခွက် ဖြစ်ပါတယ်။ Whiskey ၊ Vermouth နဲ့ Cocktails အရသာကို ပိုမိုလေးနက် ထူးကဲသွားစေဖို့ Bitters အနည်းရောစပ်ပြီး ချယ်ရီသီးနဲ့ အလှဆင်သောက်ရတဲ့ ပြင်းရှရှအရသာ Cocktails တစ်မျိုး ဖြစ်ပါတယ်။

(၄) Mint Julep

Photo : Pinterest

ဒီ Cocktails ကတော့ Cocktails ချစ်သူတွေ အကြိုက်တွေ့စေမှာ သေချာပါတယ်။ ပူစီနံ ၊ သကြားနဲ့ ရေတို့ ပေါင်းစပ်ထားတဲ့ Mint Simple Syrup ၊ Whiskey ၊ သံပုရည်တို့နဲ့ ရောစပ် ဖျော်ရတာ ဖြစ်ပါတယ်။ နွေးထွေးပြီး ခံတွင်းရှင်းစေတဲ့အပြင် ချိုချိုချဉ်ချဉ်အရသာနဲ့ ပြင်းရှရှ Cocktails တစ်ခွက် ဖြစ်ပါတယ်။

Featured Photo : Bar and Drink