ဝီစကီချစ်သူ ကွီးတို့ အကြိုက်တွေ့စေမယ့် ချိုပြင်းရှ Whiskey Ginger ကော့လ်တေး တစ်ခွက် အလွယ်ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Whiskey နဲ့ Ginger Ale တို့ကို လိုက်ဖက်ညီညီ ပေါင်းစပ်ဖျော်ထားတဲ့ Whiskey Ginger ကော့လ်တေးဟာ ချိုပြင်းရှ ဟန်ချက်ညီတဲ့အရသာနဲ့ အစွမ်းကုန် လန်းဆန်းမှုကို ပေးစွမ်းပါတယ်။
Photo : A Couple Cooks
Whiskey Ginger ကော့လ်တေး ဖျော်စပ်ဖို့ ဝီစကီ ၊ Ginger Ale နဲ့ သံပုရာသီး စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးသာ အဓိက လိုအပ်ပါတယ်။ ဖျော်စပ်နည်းကလည်း အရမ်းကို လွယ်ကူရိုးရှင်းတဲ့အတွက် ကွီးတို့အိမ်မှာ ကိုယ်တိုင် ဖျော်စပ်သောက်နိုင်ပါတယ်။ ဝီစကီကိုတော့ ဘော်ဘွန်း ၊ အိုင်းရစ်ချ် ၊ စကော့ချ် နှစ်သက်ရာ အမျိုးအစားကို သုံးနိုင်ပါတယ်။ ညနေခင်းအချိန်တွေ ၊ Dinner ပါတီတွေမှာ တည့်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။
Photo : A Couple Cooks
ဖျော်စပ်နည်းကတော့ အရင်ဆုံး ဖန်ခွက်တစ်လုံးထဲကို နှစ်သက်ရာ ဝီစကီ ၂ အောင်စ ၊ ရေခဲအနည်းငယ်တို့ ရောထည့်ပြီး အေးခဲလာတဲ့အထိ မွှေပေးပါ။ ပြီးရင်အပေါ်က Ginger Ale ၃ အောင်စခန့် ( Ginger ရဲ့ ရှတတ Taste လေး ပိုကြိုက်ရင် ၄ အောင်စခန့် ထည့်နိုင်ပါတယ်) ရောထည့် ပေးရပါမယ်။ ဖန်ခွက်ထဲကို သံပုရာသီး တစ်စိပ် အရည်ညှစ်ထည့်လိုက်ပါ။ ပြီးတဲ့အခါ ဖန်ခွက်ထိပ်နားမှဦ သံပုရာစိပ်လေးတစ်စိမ် အလှဆင်ပြီး ချိုပြင်းရှ Whiskey Ginger ကော့လ်တေးရဲ့အရသာကို စီးမြောခံစားနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : The Liquor Shop Singapore