ကွီးတို့ အိမ်မှာ အလွယ်တကူ ပြင်ဆင်ဖျော်စပ်နိုင်မယ့် White Lady ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ White Lady ကော့လ်တေးဟာ ၁၉၂၀ စတိုင် Sour ကော့လ်တေးဖြစ်ပြီး လိမ္မော်ရနံ့ ခပ်သင်းသင်းနဲ့ ကြည်လင်လတ်ဆတ်တဲ့အရသာကိုမှ အပေါ်က ကြက်ဥအကာခရမ်င်လေး ထပ်ပေါင်းထားတာ ဖြစ်ပါတယ်။ အရသာ အရမ်းမပြင်းပဲ အမျိုးသားတွေရော အမျိုးသမီးတွေပါ သောက်လို့အဆင်ပြေပါတယ်။

Photo : A Couple Cooks

Cocktail Night ဒါမှမဟုတ် Dinner Party တွေမှာတည့်ခင်းလို့ အလိုက်ဖက်ဆုံး Classy ဖြစ်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ White Lady ကော့လ်တေးဖျော်စပ်ဖို့ Gin ၊ Cointreau သို့မဟုတ် Triple Sec ၊ Fresh Lemon Juice နဲ့ ကြက်ဥအကာ တစ်လုံးတို့ လိုပါတယ်။ ကဲဒါဆို ဖျော်စပ်နည်းအဆင့်ဆင့်ကို ဆက်ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Gin ၂ အောင်စ ၊ Cointreau သို့မဟုတ် Triple Sec ၁ အောင်စ ၊ Fresh Lemon Juice နဲ့ ကြက်ဥအကာ တစ်လုံးတို့ကို ရေခဲမပါပဲ ကော့လ်တေး Shaker ထဲရောထည့်ပြီး ကောင်းကောင်းရှိတ်ပေးပါ။ ပြီးတဲ့အခါ ကော့လ်တေး Shaker ထဲကို ရေခဲအနည်းငယ် ပေါင်းထည့်ပြီး စက္ကန့် ၃၀ လောက် ထပ်ရှိတ်ပေးရပါမယ်။ ရလာတဲ့ဖျော်ရည်ကို Martini Glass ဒါမှမဟုတ် Cocktail Glass ထဲလောင်းထည့်ပြီး အပေါ်က သံပုယိုခြမ်းလေး အလှဆင်ကာ ဆန်းသစ်ချောမွေ့တဲ့ အရသာ White Lady ကော့လ်တေး တစ်ခွက်အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : The Cocktail Society