အဖြူရောင်မုသားဆိုတာ အပြစ်ပါးပါးပါပြီး လိမ္မာပါးနပ်တဲ့ စကားလုံးတစ်မျိုးပါပဲ။ လူမှုဆက်ဆံရေးမှာ ကျွန်တော်တို့တွေဟာ ရံဖန်ရံခါဆိုသလို White Lies လေးတွေ မလွှဲသာမရှောင်သာ သုံးနှုန်းပြောဆိုရလေ့ရှိပါတယ်။ တချို့ မုသားဖြူတွေက လူမှုဆက်ဆံရေးမှာ ပြဿနာမရှိပါဘူး။

Relationship တစ်ခုမှာ ပြောမိလို့ ပြဿနာမရှိတဲ့ White Lies တွေ အများကြီးရှိပါတယ်။ တစ်ခါတလေ White Lies တွေက မရှိမဖြစ်လိုအပ်တဲ့အရာတွေတောင် ဖြစ်နေကြပါတယ်။ ဒီလို White Lies တွေထဲက အချစ်ရေးအတွက် အသုံးတည့်တဲ့ မုသားဖြူတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) “ကိုယ်မင်းကို တလောကလုံးထက် ပိုချစ်တယ်”

Couple In Dating

Photo: Pexels

ကောင်းလွန်းလို့ မယုံနိုင်ဘူးဆိုတဲ့ စကားတွေထဲမှာ ကိုယ့်ချစ်သူ ပြောတဲ့ “မင်းလောက် ကိုယ်ချစ်ရတာ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ စကားလည်း ပါပါတယ်။ တကယ်တော့ လူတစ်ယောက်အဖို့ ချစ်စရာတွေက တစ်ခုမက ရှိပြီး အဲ့ဒီအချစ်တွေကလည်း တစ်မျိုးနဲ့တစ်မျိုး မတူကြဘူးမလား။ သင့်ချစ်သူကို အများကြီး ချစ်တာ ဖြစ်နိုင်ပါတယ်။ ဘယ်သူ့ထက်မဆို ပိုချစ်ဖို့ဆိုတာ ကဲလွန်းရာကျပါတယ်။ အနည်းဆုံးတော့ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပဲ မဟုတ်လား။ ဒါပေမယ့်လည်း သင့်ချစ်သူဟာ သင့်ဆီက ချစ်စကားခွန်းချိုချိုတွေ လိုအပ်နေတယ်ဆိုတာ သတိရလိုက်ပါ။

(၂) “မင်းပေးတဲ့ လက်ဆောင်လေးကို မပြောတတ်အောင် သဘောကျတယ်”

Couple Hand In Hand

Photo: Pexels

တစ်ခါတလေမှာ သင့်ကောင်မလေး ပေးလိုက်တဲ့ လက်ဆောင်က သင်မကြိုက်တဲ့အရာတစ်ခုခု ဖြစ်ချင်ဖြစ်ပါမယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဂရုစိုက်မှုအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ သူပေးတဲ့လက်ဆောင်ပေါ် ဝမ်းပန်းတသာရှိသင့်ပါတယ်။ ဒါကြောင့်ပဲ ကြိုက်ကြိုက်မကြိုက် ကြိုက်တဲ့အကြောင်းတော့ ပြောကို ပြောသင့်ပါတယ်။ မကြိုက်တာကို ကြိုက်ပါတယ်လို့ လိမ်ပြောလိုက်တာဟာ မုသားဖြစ်လို့ အပြစ်ရှိမယ်ဆိုရင်တောင် တစ်ဖက်လူ စိတ်ချမ်းသာစေပြီး Relationship ပိုသာယာစေလို့ တန်တဲ့အပြစ်လို့ ပြောရမှာပါပဲ။

(၃) “ကိုယ်တကယ်ပဲ ပျော်ခဲ့ရပါတယ်”

Two Lovers In A Restaurant

Photo: Pexels

အဖုအထစ်လေးတွေ ရှိခဲ့ရင်တောင် ကိုယ်ပျော်ပါတယ်/အဆင်ပြေပါတယ်လို့ မုသားပြောတာ မမှားပါဘူး။ တချို့ကိစ္စတွေမှာ ဘယ်လိုပဲ အစီအစဉ်အတိုင်း ဖြစ်မလာသည် ဖြစ်စေ တစ်ဖက်လူအတွက် ကိုယ်ချင်းစာမှုနဲ့ နားလည်ပေးနိုင်စွမ်းဟာ ကြီးမြတ်တဲ့နှလုံးသားပိုင်ရှင်တို့ရဲ့ လုပ်ရပ်ပါပဲ။ ဒါကြောင့် ကိုယ်စိတ်မပါဘဲ ချစ်သူနဲ့ အတူသွားခဲ့ရတဲ့ ခရီးတွေ ၊ ပွဲတွေမှာလည်း ပျော်ပျော်ပဲ နေပြပြီး တကယ်အဆင်ပြေပါတယ်ဆိုတဲ့အကြောင်း လိမ်ပြောသင့်ပါတယ်။ ဒီလိုလုပ်တာဟာ တစ်ဖက်လူ စိတ်ထိခိုက်မသွားအောင် ထည့်စဉ်းစားပေးတာပါပဲ။

(၄) “ကိုယ်မြင်ဖူးသမျှအထဲမှာ မင်းကအလှဆုံးပဲ”

Couple In Conversation

Photo: Pexels

အလှအပဆိုတာ ချစ်တဲ့စိတ်နဲ့ ကြည့်သူတွေရဲ့ မျက်လုံးထဲက အဆုံးအဖြတ်တစ်မျိုး ဖြစ်ပါတယ်။ တချို့အလှအပတွေဟာ အလှပေတံနဲ့ ချိန်ထိုးလို့သာ လှနေတာ ဖြစ်ပြီး ကိုယ့်နှလုံးသားကို ထိထိခိုက်ခိုက် မခံစားစေရင် သင့်အတွက် တကယ့်အလှတစ်ပါး မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ချစ်သူကို ကိုယ်မြင်ဖူးသမျှထဲ အလှဆုံးလို့ ပြောတာဟာ မုသားဖြစ်တယ်ဆိုရင်တောင် တစ်ဖက်က စဉ်းစားကြည့်ရင် ဒါဟာ ချစ်တဲ့မျက်စိနဲ့ ကြည့်တာကြောင့်လှတာပဲဆိုတဲ့ အမှန်တရားနဲ့ ခုခံချေပနိုင်တာပဲ မဟုတ်လား။

(၅) “ကိုယ်တောင်းပန်ပါတယ်”

Man Playing Guitar In Front of A Girl

Photo: Pexels

ကျွန်တော်တို့ဟာ မှားသွားတဲ့အခါမျိုးမှာ Sorry လို့ ပြောဖို့ လိုသလို ရံဖန်ရံခါ မမှားဘဲနဲ့လည်း Sorry လုပ်ဖို့ လိုတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တောင်းပန်မှုဆိုတဲ့ ကိုယ့်အမှားကြောင့် မဟုတ်ဘဲ ပြေလည်ချင်လို့ စေ့စပ်သူတို့ရဲ့ လမ်းခင်းမှုသဘောပါပဲ။ အချစ်ရေးပဲ ဖြစ်ဖြစ် လူမှုဆက်ဆံရေးပဲ ဖြစ်ဖြစ် ကိုယ့်ဘက်က အလျှော့ပေးမှ အဆင်ပြေမယ့်အရာ I’ Sorry လို့ ‌ပြောရတာပါပဲ။ ဒီလို ပြောတာဟာ White Lies ဆိုပေမယ့် မရှိမဖြစ် မုသား ဆားပွင့်လေးတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

Featured Photo: Pexels