ခုလိုဆောင်းရာသီက Style ကျကျနေဖို့ အကာင်းဆုံးအချိန်ပါပဲ။ နွေရာသီနဲ့ မိုးတွင်းရောက်လာရင် Outfit ကိုဆင်ခြင်ရပါလိမ့်မယ်။ စိတ်ကြိုက်ဝတ်လို့ အဆင်မပြေတော့ပါဘူး။ အရောင်တွေနဲ့ ဥပမာပေးရရင်တော့ အဖြူရောင်ပါ ။ အဖြူနဲ့အနက်ဟာ ဘယ်အရောင်နဲ့ တွဲဝတ်ဝတ် ကြည့်ကောင်းပေမယ့် ဝတ်သင့်တဲ့ရာသီကတော့ မတူပါဘူး။ အဖြူဟာ နွေရာသီမှာပဲဝတ်လို့အဆင်ပြေသလို အမဲရောင်ဟာလည်း မိုးတွင်းမှာပဲဝတ်သင့်ပါတယ်။

Source: esquire.com

အထူးသဖြင့်ပြောချင်တာကတော့ Sneakers အဖြူပါပဲ။ White Sneakers အဖြူတွေဟာ ခြောက်သွေ့တဲ့ရာသီဥတုရှိတုန်း ဝတ်ထားသင့်ပါတယ်။ ဒီလိုရာသီမှ တွေကိုမဝတ်ရင် ဘယ်အချိန်မှသွားဝတ်ကြမလဲ။ Sneakers အဖြူတွေဟာ လူတိုင်းမှာရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Bright ဖြစ်တဲ့ အရောင်တွေနဲ့သာမက အရမ်းနုတဲ့ကာလာတွေနဲ့တွဲလည်း လိုက်ဖက်လို့ပါ။ အရောင်မရွေးသလို Trousers အမျိုးမျိုးနဲ့လည်းလိုက်ဖက်မှုရှိပါတယ်။ Jeans ပဲဝတ်ဝတ် Shorts ပဲဝတ်ဝတ် ဒီဇိုင်းကာလာမရွေး လိုက်ဖက်မှုရှိနေမှာပါ။ တစ်ချို့ဆို Suit နဲ့တောင်ဝတ်ကြပါတယ်။

Source: esquire.com

နာမည်ကြီး Brand တွေဟာလည်း ဆောင်းရာသီဆို အဖြူကို ပဲ အသားပေးထုတ်ကြပါတယ်။ကွီးတို့ရဲ့ဆောင်းရာသီ Outfit ကို Next Level မြှင့်ချင်ရင်တော့ Sandal တွေဝတ်မယ့်အစား Sneakers အဖြူကိုဝတ်သင့်ပါတယ်။ Foundation တစ်ခုလိုယူဆပြီးဝယ်လို့ရပါတယ်။ အပေါ်က ဘယ်အဝတ်အစားနဲ့ မဆိုလိုက်ပါတယ်။

Source: Business Insider

အခုလို Crazy Color တွေ ခေတ်စားတဲ့ အချိန်မျိုးမှာတောင် အဖြူဟာ Classic ဖြစ်နေမှာပါ။ ဒီဇိုင်းအရဆိုလည်း Retro ၊ Minimalist အပြင် High Fashion ထိ အမျိုးအစားစုံရှိလို့ ကွီးတို့စိတ်ကြိုက်ဖြစ်မှာပါ။