ဂျူဗီတပ်အသင်းဟာ ဆန်းတို့စ်အသင်းမှာ ကစားနေတဲ့ ဘရာဇီးရဲ့ ရော်နယ်ဒိုလက်သစ်လို့တင်စားနေကြတဲ့ ကိုင်အို ဂျော့ချ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ကိုင်အို ဂျော့ချ် ဟာ အသက် (၁၈) နှစ်သာရှိသေးပြီး ရိုနယ်ဒို နှင့်ကစားပုံခြင်းတူညီနေတာကြောင့် နာမည်ကြီးနေပါတယ်။

အရပ် (၅)ပေ (၉)လက်မ ရှိပြီး ကျောနံပတ်(၁၉)ကို အမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ ကိုင်အို ဟာ ဘရာဇီးယူ(၁၅)၊ ယူ(၁၇)အသင်းတွေမှာ အရွေးခံခဲ့ရသူဖြစ်ပါတယ်။ အသက် (၁၆) နှစ်အရွယ်မှာ ကတည်းက ဆန်းတို့စ်အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

သူက ဘရာဇီးလူငယ်လက်ရွေးစင်အသင်းတွေမှာ စွဲမက်လောက်စရာ ခြေစွမ်းကို ပြသထားခဲ့ပြီး သူ့ရဲ့ဘောလုံးကစားပုံက ဘရာဇီးရဲ့ ဂန္ဓဝင်ကစားသမား ရော်နယ်ဒို နဲ့ဆင်တူတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဗီနီးစီးယပ်ဂျူနီယာ ၊ ရိုဒရိုင်ဂို၊ ရိုင်နီယာစတဲ့ ကစားသမားတွေ ဥရောပ ထွက်ကစားနေကြချိန်မှာ ကိုင်အို လည်း ဥရောပ ဘောလုံးဇတ်ခုံပေါ်မှာ ခြေချဖို့ ပြင်ဆင်နေပါပြီ။ လက်ရှိမှာတော့ ဂျူဗီတပ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Goal ကဖော်ပြထားပါတယ်။

ကိုင်အိုနဲ့ ဆန်းတို့စ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်မှာ ပေါင် (၄၅) သန်းတန် စာချုပ်လျော်ကြေး ထည့်သွင်းထားတာကြောင့် ဂျူဗင်တပ်စ်အသင်းအနေနဲ့ အဆိုပါ ဆယ်ကျော်သက်ကစားသမားအတွက် ငွေသုံးမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။

Source: Forbes