စလော့ (မျောက်မောင်းမ) တွေဟာချစ်စရာကောင်းပြီး အခြားသတ္တဝါတွေကို အန္တရာယ်ပြုလေ့မရှိပါဘူး။ သူတို့တွေရဲ့ ဘဝအချိန်တော်တော်များများကို သစ်ပင်ပေါ်မှာပဲ ကုန်ဆုံးလေ့ရှိကြတယ်။
စလော့တွေဟာ သီးသန့်နေလေ့ရှိပြီး သစ်ပင်တစ်ပင်ကနေတစ်ပင် ကူးလူးသွားလာပြီး သစ်ပင်အောက်ကို တစ်ခါတစ်လေမှာသာဆင်းလာလေ့ရှိကြတယ်။ ဒီနေ့တော့ kwee ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ စလော့တွေ အကြောင်း ပြောပြပေးသွားမှာပါ။
စလော့ (မျောက်မောင်းမ) တွေရဲ့လှုပ်ရှားမှုက ဘာကြောင့်နှေးကွေးနေရတာလဲ
Source: ScienceAlert
စလော့တွေမှာ ဇီဝဖြစ်ပျက်မှုနှုန်း အလွန်နှေးကွေးပါတယ်။ ဒါဟာ စလော့တွေနှေးကွေးစွာ သွားလာလှုပ်ရှားမှုရဲ့ အကြောင်းအရင်းပါပဲ။ စလော့တွေဟာ တစ်ရက်ကို ပျမ်းမျှ (၄၁) ကိုက်အထိပဲ သွားလာကြလေ့ရှိပါတယ်။
စလော့အမတွေက မိခင်ကောင်းတွေဖြစ်ကြသလား
Source: ABC
စလော့အမတွေဟာ တစ်နှစ်ကိုကလေးတစ်ကောင်နှုန်းမွေးဖွားကြပါတယ်။ ကိုယ်ဝန်ဆောင်တဲ့ ကာလကတော့ (၆) လဖြစ်ပါတယ်။ ကလေးဟာ အမေဖြစ်သူရဲ့ ဝမ်းဗိုက်ကို ဆုပ်ကိုင်ပြီး သွားလေရာ ပါသွားတတ်ကြပါတယ်။ ကလေးတွေဟာ အမေတွေနဲ့ (၆) လတာအတူနေတတ်ကြပြီး ဒီအချိန်အတွင်းမှာ သင်ယူစရာရှိတာတွေကို ပြီးမြောက်အောင် သင်ယူကြရပါတယ်။ (၆) လပြည့်ပြီး အမေတွေနဲ့ အဝေးမှာနေတတ်ကြပြီး အသံတွေနဲ့ အဆက်အသွယ်ပြုလုပ်ကြပါတယ်။
စလော့တွေရဲ့အိပ်ချိန်
Source: World Wildlife Fund
စလော့တွေက တစ်ရက်ကို (၁၅) နာရီခန့်အိပ်စက်လေ့ရှိပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အပူချိန်ကို (၈၆) ဒီဂရီဖာရင်ဟိုက်နဲ့ (၉၃) ဒီဂရီဖာရင်ဟိုက်အကြားမှာ ထားလေ့ရှိပါတယ်။ ဒါကြောင့် အရိပ်ရတဲ့ နေရာတွေမှာနေလေ့ရှိကြပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းလေ့ရှိကြတယ်။
စလော့တွေ ဘာစားလေ့ရှိကြလဲ
Source: UChicago News
စလော့တွေက သစ်ရွတ်နဲ့အဖူးအညွန့်တွေကို စားသုံးလေ့ရှိကြတယ်။ စလော့တွေမှာ ရှေ့သွားမရှိတာကြောင့် သစ်ရွတ်တွေကို နုတ်ခမ်းဖြင့် ကိုက်ပြီးခူးစားတတ်ကြတယ်။ ဇီဝဖြစ်ပျက်မှုနှုန်း နှေးကွေးတာကြောင့် စလော့တွေဟာ အစာအနည်းငယ်စားရုံဖြင့် အသက်ရှင်နေနိုင်ကြပါတယ်။ စလော့တွေဟာ အခြားတိရစ္ဆာန်တွေ နာရီအနည်းငယ်အတွင်း ချေဖျက်နိုင်တဲ့အ စားအစာတွေကို ရပ်နဲ့ချီပြီး ချေဖျက်ဖို့အချိန်ယူရပါတယ်။
စလော့တွေမှာ ဘယ်လိုအန္တရာယ်တွေရှိသလဲ
Source: YouTube
စလော့တွေအားလုံးအတွက် အန္တရာယ်မရှိဘူးဆိုပေမယ့် တစ်ချို့ စလော့တွေအတွက်တော့ စားကျက်မြေတွေ ဆုံးရှုံးလာရတာကြောင့် နေထိုင်ဖို့အတွက် အခတ်အခဲတွေရှိနေပါတယ်။ အပူပိုင်းသစ်တောတွေ ပြုန်းတီးခြင်းက စလော့တွေရဲ့အသက်ရှင်နေထိုင်မူကို ခြိမ်းခြောက်နေပါတယ်။
စလော့တွေ ရေကူးတတ်ကြသလား
Source : BBC America
အံ့ဩစရာကောင်းတာက စလော့တွေဟာ ရေကူးသန်ကြတဲ့ သတ္တဝါတွေဖြစ်တာပါပဲ။ တစ်ခါတစ်လေ သစ်ပင်ပေါ်ကနေဆင်းပြီး သူတို့ရဲ့ရှည်လျားတဲ့ လက်တွေကိုအသုံးပြုပြီး ရေကူးလေ့ရှိကြတယ်။