စာဖတ်သူတွေထဲမှာ ညဘက်တော်တော်နဲ့မအိပ်ဘဲ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတတ်တဲ့ ဇီးကွက်လေးတွေလည်းရှိမှာဖြစ်သလို မနက်စောစော ထတတ်တဲ့ သူတွေလည်းရှိကြမှာပါ။

တစ်ယောက်တည်းသမားတွေကတော့ ပြဿနာမရှိပေမယ့် လက်ထပ်ပြီးနောက် ကိုယ့်ရဲ့အမျိုးသမီးနဲ့ အိပ်ရာတစ်ခုတည်း အသုံးပြုရတဲ့အခါ အိပ်စက်ချိန်မတူဘူးဆိုရင် ပြဿနာအနည်းငယ် ကြုံတွေ့နိုင်ပါတယ်။

ကိုယ်က စောစောအိပ်ချင်ပေမယ့် ကိုယ့်ရဲ့အမျိုးသမီးက ညနက်တဲ့အထိ တော်တော်နဲ့မအိပ်တဲ့အခါ မီးအလင်းရောင်ကြောင့် သင်လည်း စိတ်ညစ်ရမှာဖြစ်သလို သင့်အမျိုးသမီးက စောစောအိပ်ချင်ပေမယ့် သင်က တစ်ညလုံးမအိပ်သေးတဲ့အခါ ရေရှည်ဆို အဆင်ပြေမှာမဟုတ်ပါဘူး။

ဒီဆောင်းပါးလေးထဲမှာတော့ လေ့လာချက်တွေအရ ကိုယ့်ရဲ့အိမ်သူသက်ထားနဲ့ ဘာ့ကြောင့်တစ်ချိန်တည်းမှာ အတူတူအိပ်ရာဝင်သင့်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောလို့ရတယ်

tips for married men

တစ်နေကုန် အလုပ်တွေပင်ပန်းလွန်းလို့ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေးစကားမပြောဖြစ်တဲ့အချိန်တွေရှိတတ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး တီတီတာတာစကားတွေ ပြောနိုင်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့်လည်း သင်တို့ရဲ့အချစ်တွေက ချစ်သူသက်တမ်းနုစဉ်အခါကလိုပဲ အမြဲတမ်းလတ်ဆတ်နေမှာပါ။

သင်တို့ရဲ့ပြဿနာများ၊ အငြင်းပွားစရာများကို ဖြေရှင်းနိုင်ခြင်း

tips for married men

တစ်ခါတလေ စိတ်အခန့်မသင့်တဲ့အခါ အငြင်းပွားစရာများ၊ ကတောက်ကဆဖြစ်တတ်ပါတယ်။ ထိုအခါ တစ်ယောက်ခံစားချက်ကို တစ်ယောက် ပြောပြရင်း ပြဿနာများကို အတူတူဖြေရှင်းနိုင်ပါတယ်။ ရန်ဖြစ်ပြီး အိပ်ရာဝင်သွားမယ်ဆိုရင် သင်တို့နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာမဟုတ်ဘဲ စိတ်မကျေမနပ်စရာတွေနဲ့ပဲ အိပ်ရာပေါ်မှာ လူးလိမ့်နေရင်းပဲ မနက်မိုးလင်းသွားပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်သားတည်းဖြစ်သွားအောင် ကူညီပေးတယ်

tips for married men

အိပ်ချိန်တူသွားတဲ့အခါ သူ့ကြောင့် အိပ်မရတာမျိုးဆိုတဲ့အတွေးတွေ ရှိတော့မှာမဟုတ်ပါဘူး။ အိပ်ရေးမဝလို့ စိတ်မကြည်မလင်ဖြစ်တာမျိုးလည်းရှိမှာမဟုတ်တော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က တစ်သားတည်းဖြစ်သွားပြီး အိပ်ချိန်ရော အိပ်ရာနိုးချိန်ပါ ထပ်တူညီသွားပါလိမ့်မယ်။

ကိုယ်ရော စိတ်ပါ ကျန်းမာစေခြင်း

tips for married men

အတူတူအိပ်စက်တဲ့အခါ စိတ်ဖိစီးမှုများကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

သင်ရော သင့်ရဲ့အိမ်သူသက်ထားနဲ့ တစ်ချိန်တည်း အိပ်ရာဝင်လေ့ရှိပါသလား။ သင့်ရဲ့စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အိပ်ရဝင်အလေ့အထမျိုးရောရှိပါသလား။

Source: Brightside.me

Featured Image Source: istockphoto.com