ဖောက်ပြန်တယ်လို့ပြောလိုက်တာနဲ့ တော်တော်များများက ယောကျာ်းလေးတွေပဲလုပ်တက်ကျတဲ့အရာတစ်ခုလို့ ထင်ကြတာပါ။ဘယ်တော့ ယောကျာ်းလေးမှမဟုတ်ပါဘူး မိန်းကလေးတွေလည်းဖောက်ပြန်တက်ကြပါတယ်။အခုပြောပြမယ့် အကြောင်းအရာကတော့ ယေဘုယျအားဖြင့် မိန်းကလေးတွေ ဖောက်ပြန်သွားတက်ကြတဲ့အဓိကအကြောင်းအရာလေးတွေ ပဲဖြစ်ပါတယ်။

(၁) ဂရုစိုက်မခံရလို့

Source : Shutterstock

မိန်းကလေးအများစုက ကိုယ်ချစ်တဲ့သူတစ်ယောက်စီက ဂရုစိုက်မှု ကြင်နာမှုတွေကို အရမ်းကိုလိုချင်တောင်းတတက်ကြပါတယ်။ဒါပေမယ့် သူမတို့ရဲ့ ချစ်သူကောင်လေးတွေက ထင်သလောက်ဂရုမစိုက်တဲ့အခါ အချိန်မပေးနိုင်တဲ့အခါမျိုးမှာ စိတ်ပျက်အားငယ်လာပြီး ဂရုစိုက်မှုကြင်နာမှုတွေပေးနိုင်တဲ့ သူတွေစီပြောင်းသွားတက်ကြတာဖြစ်ပါတယ်။

(၂) ရင်ခုန်စရာမကောင်းလို့

Source : MadameNoire

မိန်းကလေးတွေဟာ ကိုယ်တွဲနေတဲ့ချစ်သူကောင်လေးစီက ကြီးကြီးမားမား စပရိုက်တွေ မရရင်တောင်မှရင်ခုန်ရတဲ့ အခြေအနေမျိုးလေးတွေလိုချင်တက်ကြပါတယ်။ဥပမာမွေးနေ့မှာ သူမမသိအောင်မွေးနေ့ပါတီလေးတစ်ခုလုပ်ပေးတာမျိုး Anniversary နေ့မှာပန်းစည်းလေးလက်ဆောင်ပေးမျိုး ဒီလိုအပြုအမူမျိုးတေတွက သူမကိုရင်ခုန်ရစေပါတယ်။ဒီလိုမှမဟုတ်ပဲ သမရိုးကျ ပျင်းစရာကောင်းတဲ့ ပုံစံမျိုးတွေနဲ့ လက်တွဲနေမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာထားသွားမှာသေချာပါတယ်။

(၃) အနေဝေးလို့

Source : beautycontraception.ru

ဖောက်ပြန်တက်ကြတဲ့သူအများစုမှာ အနေဝေးနေကြသူတွေပိုများတာတွေ့ရပါတယ်။အနေဝေးရင်သွေးတယ်ဆိုတဲ့အတိုင်း အကြောင်းကြောင်းကြောင့် တစ်ယောက်တစ်နေရာစီဖြစ်နေချိန်မှာ သူမအနီးနားမှာနေပြီး အနီးကပ်ဂရုစိုက်ပေးမယ့်သူသာပေါ်လာရင် သင့်ကိုသေချာပေါက်ထားခဲ့မှာပါ။ ကိုယ်အနေနဲ့ အနေဝေးပေမယ့် သွေးအေးမသွားအောင်နေ့တိုင်းဖုန်းပြောတာ စကားတွေပြောတာမလုပ်ဘူးဆိုရင်တော့ အနီးကပ်ဂရုစိုက်တဲ့သူစီပါသွားမှာသေချာပါတယ်။

(၄) အရွဲ့တိုက်လို့

Source : dissolve.com

မိန်းကလေးအများစုက အရွဲ့တိုက်တက်တယ်ဆိုတာ ငြင်းဆိုစရာတော့မရှိပါဘူး။တစ်ခါတစ်လေကိုယ်အနေနဲ့ တခြားသောမိန်းကလေးသူငယ်ချင်းတွေနဲ့ခင်ခင်မင်မင်နေမိတာ အလုပ်ခွင်အမျိုးသမီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံမိတာ စသည့်ဖြင့်အကြောင်းအမျိုးမျိုးကြောင့် သူမမဟုတ်တဲ့တစိမ်းမိန်းကလေးတွေကို အလေးထားမိမယ်ဆိုရင် သေချာပါတယ် သင့်ကိုပြန်ပြီးအရွဲ့တိုက်မှာပါ။သူတောင်လုပ်သေးတာပဲ ငါလည်းလုပ်မယ်ဆိုတဲ့စိတ်တွေနဲ့ အရွဲ့တိုက်ရင်းအပျက်ပျက်နဲ့ နှာခေါင်းသွားထွက်တဲ့အထိဖြစ်သွားတက်ကြတာဖြစ်ပါတယ်။