ညဘက်မှာ ကောင်းစွာအိပ်ပါလျက် မနက်အိပ်ရာနိုးထလာချိန်မှာ မလန်းမဆန်းနဲ့ စိတ်မကြည်သလိုခံစားရတဲ့နေ့တွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် တကယ်တော့သင်ဟာ ညဘက်မှာကောင်းကောင်းအိပ်ပေမယ့် မနက်ခင်းမှာအိပ်ရေးမဝသလို ခံစားရတာဟာ အခုပြောမယ့် လုပ်ရပ်အမှားလေးတွေ လုပ်မိနေတာကြောင့်ပါ။

(၁) အီလက်ထရောနစ်ပစ္စည်းများအသုံးပြုခြင်း

Man using mobile phone in bedroom

Photo : Freepik

အိပ်ရာမဝင်ခင် ဆိုရှယ်မီဒီယာအသုံးပြုနေသလား ၊ ဂိမ်းဆော့တက်သလား ၊ ရုပ်ရှင်ကြည့်ပြီးမှ အိပ်တက်သလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ပါ။ တကယ်တော့ ဖုန်း ကွန်ပြူတာကဲ့သလို အီလက်ထရောနစ်ပစ္စည်းတွေကထွက်တဲ့ အလင်း ရောင်ဟာ ဦးနှောက်ကိုနိုးကြားစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာမဟုတ်ပါဘူး။ ဒါကြောင့်အိပ်ရာဝင်ချိန်မှာ ဖုန်း ကွန်ပြူတာကဲ့သို့ပစ္စည်းများအသုံးပြုခြင်းကိုရှောင်သင့်ပါတယ်။

(၂) စိတ်ဖိစီးမှုများနေခြင်း

 Lonely Man In Pajamas On Bed

Photo : Freepik

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ အတွေးတွေဟာ သင့်ရဲ့အိပ်ရာဝင်ချိန်မှာ အကြီးမားဆုံးအနှောက်ယှက်ကြီးတစ်ခုပါပဲ။ အကြောင်းကြောင်းကြောင့် သင်ဟာစိတ်ဖိစီးမှုများနေမယ် အတွေးတွေနယ်ချဲ့မိနေမယ်ဆိုရင် ကောင်းစွာအိပ်ပျော်နိုင်မှာမဟုတ်သလို မနက်ခင်းအိပ်ရာနိုးထလာချိန်မှာလည်း ပင်ပန်းနွမ်းနယ်ပြီး မလန်းမဆန်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှာ စိတ်ဖိစီးစရာအတွေးတွေကိုလွတ်ချထားဖို့ အကြံပြုချင်ပါတယ်။

(၃) ကဖိန်းဓာတ်သောက်သုံးခြင်း

Man on bed drinking coffee

Photo : Freepik

ကဖိန်းဓာတ်ဟာ လူကိုလန်းဆန်းနိုးကြားစေဖို့ ကူညီပေးမယ်ဆိုပေမယ့် အချိန်မှားယွင်းစွာသောက်သုံးမိရင်တော့ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ညနေခင်းအချိန်နှင့် ညဘက်တွေမှာ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါတဲ့သောက်စရာတွေသောက်ထားမိမယ်ဆိုရင် ကောင်းစွာအိပ်ပျော်နိုင်မှာမဟုတ်သလို အိပ်ပျော်သွားသည်တိုင်အောင် သင့်ဦးနှောက်ကို ကောင်းစွာအနားပေးရာရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ သင်ဟာနောက်နေ့မနက်ခင်းမှာ မရွှင်မလန်းနဲ့ စိတ်မကြည်လင်စွာနိုးထလာရပါလိမ့်မယ်။

(၄) အိပ်ရာအပြင်အဆင်မှားယွင်းခြင်း

Young Man Lying Messy Bed

Photo : Freepik

သက်တောင့်သက်သာမရှိတဲ့အိပ်ရာအပြင်ဆင်မျိုးမှာ ကောင်းစွာအိပ်ပျော်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ လေဝင်လေထွက်ကောင်းမွန်မှုမရှိတဲ့နေရာမှာ အိပ်ရာခင်းထားခြင်း ၊ သန့်ရှင်းမှုမရှိတဲ့ခေါင်းအုံးစွပ် အိပ်ရာခင်းအသုံးအဆောင်များနှင့်အိပ်စက်ခြင်း ၊ အေးလွန်းခြင်း သို့မဟုတ် ပူအိုက်လွန်းခြင်း တိတ်ဆိတ်ငြိမ်သက်မှုမရှိခြင်း စသည့် အချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် သင့်အိပ်ရာ သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာနဲ့အကောင်းမွန်ဆုံး ပုံစံဖြစ်အောင် ပြင်ဆင်ကြည့်ဖို့ အကြံပြုလိုပါတယ်။

Featured Photo : Healthline