သင့်အနေနဲ့ မုတ်ဆိတ်ရိတ်တဲ့အခါ Shaving ခရမ်င်အသုံးမပြုပဲရိတ်နေမိသေးလား။ဒါဆိုရင်တော့ ဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါ။ မုတ်ဆိတ်ရိတ်ခြင်းက ဓားအသစ်တစ်လက်ရှိရင် လွယ်လွယ်ကူကူရိတ်နိုင်တယ်ဆိုပေမယ့် Shaving ခရမ်င်တဲ့အခါ ပုံမှန်ထက်ဘာတွေထူးခြားသွားမလဲဆိုတာ အောက်ပါဆက်ဖတ်ကြည့်ရအောင်။
အမွှေးအမျှင်တွေအကုန်ရှင်းလင်းစေတယ်

Source : Refined Shave
တစ်ခါတစ်လေမှန်ကြည့်ပြီး မုတ်ဆိတ်ရိတ်ရင်တော့ မေးစေ့အောက်လို သေချာမမြင်နိုင်တဲ့ နေရာမျိုးတွေမှာ အမွှေးအမျှင်ငုပ်တိုလေးတွေကျန်နေတာမျိုး ကြုံဖူးကြမှာပါ။Shaving ခရမ်င်လိမ်းပြီး မုတ်ဆိတ်ရိတ်ခြင်းအားဖြင့် ကိုယ်ရိတ်လိုက်တဲ့ နေရာကအမွှေးအမျှင်တွေကို ပြောင်စင်အောင် ရိတ်ပေးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့ဓားရာကိုလည်း ထင်ထင်ရှားရှား မြင်ရတဲ့အတွက် ရိတ်ပြီးသားနေရာတွေကို ထပ်ခါထပ်ခါ မရိတ်မိတော့တာကြောင့် ဓားထိခြင်းမှ ကင်းဝေးစေပါတယ်။
ရေဓာတ်ဖြည့်ပေးတယ်

Source : NPR
မုတ်ဆိတ်မရိတ်ခင်မှာကိုယ့်ရဲ့ အသားအရေဟာ ရေဓာတ်ပြည့်ဝနေဖို့ အရမ်းကိုအရေးကြီးပါတယ်။သာမာန်ရေနည်းနည်းပါးပါးစွတ်လိုက်ရုံနဲ့တော့ လုံလောက်မှာမဟုတ်ပါဘူး။ရေချိုးဆပ်ပြာလိုဆပ်ပြာအပြင်းစားတွေဟာလည်း မျက်နှာအရေအပြားပေါ်က အဆီနဲ့ ရေဓာတ်ကိုစုပ်ယူတာကြောင့် အသားအရေကိုခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ Shaving ခရမ်င် အသုံးပြုမယ်ဆိုရင်တော့ အသားအရေဟာ စိုပြေချောမွတ်ပြီး ရေဓာတ်ပြည့်နေတာကြောင့် လွယ်ကူစွာပဲ မုတ်ဆိတ်ရိတ်နိုင်မှာဖြစ်ပါတယ်။
ထိခိုက်မှုတွေကိုကာကွယ်ပေးတယ်

Source : Getarazor
မုတ်ဆိတ်ရိတ်နေကြ လူကြီးတစ်ယောက်တောင် တစ်ခါတစ်လေမှာ မတော်တဆ ဓားထိတာမျိုးတွေ ကြုံတွေ့ရတက်ပါတယ်။ Shaving ခရမ်င် ကတော့ အရေပြားနဲ့ မုတ်ဆိတ်ရိတ်ဓားကြားမှာ အကာကွယ်တစ်ခုအဖြစ် ရှိနေစေပြီး နူးညံ့ချော့မွေ့စေတာကြောင့် ဓားရှတာမျိုးကြုံတွေ့ရမှာမဟုတ်ပါဘူး။
အသားအရေကိုနူးညံ့ချော့မွေ့စေတယ်

Source : Luxury Shaves
သာမာန်ရေနဲ့ ဆပ်ပြာတွေကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်တဲ့အခါ အသားအရေခြောက်သွေ့တာမျိုးတွေဖြစ်တက်ပါတယ်။ Shaving ခရမ်င်အသုံးပြုခြင်းကတော့ အသားအရေကို နူးညံ့ချောမွေ့စေသလို အသားအရေပျက်စီးမှုကိုလည်း ကာကွယ်ပေးတာကြောင့် မုတ်ဆိတ်ရိတ်ပြီးဖြစ်တက်တဲ့ အသားအရေရောင်းရမ်းတာမျိုးတွေ ယားယံတာတွေကိုလည်း လုံးဝသက်သာစေမှာဖြစ်ပါတယ်။
