အမျိုးသားအများစု မုတ်ဆိတ်ရိတ်တဲ့အခါ Shaving ခရမ်င်အသုံးပြုဖို့ကို မေ့လျောနေတက်ကြပါတယ်။သာမာန်ရေစွတ်ရုံ ဆပ်ပြာအနည်းငယ်အသုံးပြု ရုံသာပြုလုပ်ပြီး မုတ်ဆိတ်ရိတ်တက်ကြတာဖြစ်ပါတယ်။တကယ်တော့ Shaving ခရမ်င် ဆိုတာ မုတ်ဆိတ်ရိတ်ရာမှာ အင်မတန်အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့ အထာကျတဲ့ကွီးတစ်ယောက်ဖြစ်ဖို့ Shaving ခရမ်င်အသုံးပြုသင့်တဲ့အကြောင်းအရင်းကိုပြောပြပေးချင်ပါတယ်။
(၁) ထိခိုက်မှုတွေကိုကာကွယ်ပေးတယ်
Source : Fashionbean
မုတ်ဆိတ်ရိတ်နေကြ လူကြီးတစ်ယောက်တောင် တစ်ခါတစ်လေမှာ မတော်တဆ ဓားထိတာမျိုးတွေ ကြုံတွေ့ရတက်ပါတယ်။ Shaving ခရမ်င် ကတော့ အရေပြားနဲ့ မုတ်ဆိတ်ရိတ်ဓားကြားမှာ အကာကွယ်တစ်ခုအဖြစ် ရှိနေစေပြီး နူးညံ့ချော့မွေ့စေတာကြောင့် ဓားရှတာမျိုးကြုံတွေ့ရမှာမဟုတ်ပါဘူး။
(၂) ရေဓာတ်ဖြည့်ပေးတယ်
Source : SPY
မုတ်ဆိတ်မရိတ်ခင်မှာကိုယ့်ရဲ့ အသားအရေဟာ ရေဓာတ်ပြည့်ဝနေဖို့ အရမ်းကိုအရေးကြီးပါတယ်။သာမာန်ရေနည်းနည်းပါးပါးစွတ်လိုက်ရုံနဲ့တော့ လုံလောက်မှာမဟုတ်ပါဘူး။ရေချိုးဆပ်ပြာလိုဆပ်ပြာအပြင်းစားတွေဟာလည်း မျက်နှာအရေအပြားပေါ်က အဆီနဲ့ ရေဓာတ်ကိုစုပ်ယူတာကြောင့် အသားအရေကိုခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ Shaving ခရမ်င် အသုံးပြုမယ်ဆိုရင်တော့ အသားအရေဟာ စိုပြေချောမွတ်ပြီး ရေဓာတ်ပြည့်နေတာကြောင့် လွယ်ကူစွာပဲ မုတ်ဆိတ်ရိတ်နိုင်မှာဖြစ်ပါတယ်။
(၃) အမွှေးအမျှင်တွေအကုန်ရှင်းလင်းစေတယ်
Source : Black Enterprise
တစ်ခါတစ်လေမှန်ကြည့်ပြီး မုတ်ဆိတ်ရိတ်ရင်တော့ မေးစေ့အောက်လို သေချာမမြင်နိုင်တဲ့ နေရာမျိုးတွေမှာ အမွှေးအမျှင်ငုပ်တိုလေးတွေကျန်နေတာမျိုး ကြုံဖူးကြမှာပါ။Shaving ခရမ်င်လိမ်းပြီး မုတ်ဆိတ်ရိတ်ခြင်းအားဖြင့် ကိုယ်ရိတ်လိုက်တဲ့ နေရာကအမွှေးအမျှင်တွေကို ပြောင်စင်အောင် ရိတ်ပေးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့ဓားရာကိုလည်း ထင်ထင်ရှားရှား မြင်ရတဲ့အတွက် ရိတ်ပြီးသားနေရာတွေကို ထပ်ခါထပ်ခါ မရိတ်မိတော့တာကြောင့် ဓားထိခြင်းမှ ကင်းဝေးစေပါတယ်။
(၄) အသားအရေကိုနူးညံ့ချော့မွေ့စေတယ်
Source : Refined Shave
သာမာန်ရေနဲ့ ဆပ်ပြာတွေကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်တဲ့အခါ အသားအရေခြောက်သွေ့တာမျိုးတွေဖြစ်တက်ပါတယ်။ Shaving ခရမ်င်အသုံးပြုခြင်းကတော့ အသားအရေကို နူးညံ့ချောမွေ့စေသလို အသားအရေပျက်စီးမှုကိုလည်း ကာကွယ်ပေးတာကြောင့် မုတ်ဆိတ်ရိတ်ပြီးဖြစ်တက်တဲ့ အသားအရေရောင်းရမ်းတာမျိုးတွေ ယားယံတာတွေကိုလည်း လုံးဝသက်သာစေမှာဖြစ်ပါတယ်။