လူသားတွေ အတွက်ရေဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာတခုပါ။ လူ့ခန္ဓာကိုယ်ကိုရေဓါတ် ၆၀% နဲ့ဖွဲ့စည်းထားပြီး ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက်ကောင်းမွန်တဲ့ သက်ရောက်မှုတွေအများကြီးရှိပါတယ်။ ပုံမှန်အားဖြင့်ရေသောက်တယ်ဆိုတာ မဆန်းပေမယ့် အခုပြောပြချင်တာက ရေက လူသားတယောက်အတွက်ဘယ်လောက်ထိအရေးကြီးလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။

(၁) အရိုးဆစ်တွေကိုလှုပ်ရှားရလွယ်ကူအောင်ပြုလုပ်ပေးတယ်

Source : Dr. Weil

ရေများများသောက်ခြင်းက အဆစ်တွေနဲ့ ကျောရိုးထဲမှာရှိတဲ့ အရိုးနုတွေရဲ့ နာကျင်မှုကိုလျော့နည်းစေပါတယ်။ ကိုယ်ခန္ဓာကိုရေဓါတ်ဖြည့်တင်းလိုက်တဲ့အခါ အရိုးဆစ်တွေရဲ့ပွတ်တိုက်မှုကိုလျော့ချနိုင်တဲ့အတွက် နာကျင်ကိုက်ခဲမှုတွေကိုလျော့ချပေးနိုင်တာဖြစ်ပါတယ်။

(၂) တံတွေးဂလင်းထွက်ရှိမှုကို ကူညီပေးတယ်

Source : New Scientist

အစာကြေဖို့အတွက် တံတွေးဂလင်းလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်ပိုများလေ တံတွေးဂလင်းထွက်ရှိမှုကိုကူညီပေးလေဖြစ်တဲ့အတွက် အစာချေဖျက်မှုကိုကူညီပေးနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် တံတွေးဂလင်းပိုထွက်တဲ့အတွက် ပါးစပ်နဲ့အာခေါင်ခြောက်သွေ့မှုကို မဖြစ်စေဘဲ ပုံမှန်ခံတွင်းသန့်ရှင်းမှုလုပ်ပေးမယ်ဆိုရင် သွားယိုယွင်းမှုကိုပါလျော့စေပါတယ်။

(၃) အောက်ဆီဂျင်ကိုထောက်ပံ့ပေးတယ်

Source : Psychology Today

ခန္ဓာကိုယ်ထဲရှိသွေးကို ရေဓါတ် ၉၀ရာခိုင်နှုန်းကျော်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး သွေးကြောတွေကနေ ခန္ဓာကိုယ်တလျှောက်ကို အဓိကအောက်ဆီဂျင်ထောက်ပံ့ပေးတာလဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်များများလေ ခန္ဓာကိုယ်တွင်းသွေးစီးဆင်းမှုများလေဖြစ်တဲ့အတွက် ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်ကိုအောက်ဆီဂျင်ရရှိအောင် ကူညီပေးနိုင်တာလဲဖြစ်ပါတယ်။

(၄) ကျန်းမာတဲ့ အရေပြားကိုပိုင်ဆိုင်စေတယ်

Source : neutral

ရေဓါတ်ခမ်းခြောက်ခြင်းဟာ အရေပြားရောဂါတွေကိုဖြစ်စေနိုင်တဲ့ အခွင့်အလမ်းများစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေဓါတ်ခမ်းခြောက်တဲ့အခါ အရေပြားကလုံလောက်တဲ့ အာဟာဓါတ်မရရှိတော့ဘဲ ပြင်ပရောဂါကူးစက်မှုတွေကိုဟန့်တားနိုင်စွမ်းလျော့ကျသွားလို့ပါ။ ဒါ့အပြင် ရေသောက်ခြင်းက အချိန်မတိုင်မီ အရေပြားတွန့်လာတာ၊ အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပါတယ်။

(၅) ကိုယ်အလေးချိန်ကျစေတယ်

Source : Depositphotos

သကြားပါဝင်တဲ့ ဖျော်ရည်တွေသောက်မယ့်အစား ရေသောက်ပိုသောက်တာက ကိုယ်အလေးချိန်လျော့ကျအောင် ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် အစားမစားခင် ရေတခွက်သောက်ပေးခြင်းအားဖြစ့် အစားလျော့စားချင်အောင်လဲ ကူညီပေးပါတယ်။ ဒါ့ကြောင့် ရေက သင့်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်ပြီး များများသောက်ပေးလေ ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးတွေပိုရလေပဲဖြစ်ပါတယ်။