တစ်နေ့တာလုံးကို ခွန်အားပြည့်ဝစွာနဲ့ စွမ်းအားအပြည့်ဖြတ်သန်းနိုင်ဖို့ရန်အတွက် သင့်မနက်ခင်းကို မနက်စာဖြင့် အစပြုဖို့ လိုအပ်ပါတယ်။ မနက်စာ နေ့စဉ်နေ့တိုင်းစားသုံးမှသာလျှင် ဉာဏ်ရည်ထက်မြက်လာမှာဖြစ်ပါတယ်။

မနက်စာ စားဖို့ ပြင်ဆင်တဲ့အခါမှာလည်း တူညီတဲ့ မနက်စာတစ်မျိုးကိုသာ နေ့စဉ်နေ့တိုင်း ပြင်ဆင်သင့်ပါတယ်။ ထိုကဲ့သို့ ပြင်ဆင်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့…

အားလပ်ချိန် ပိုထွက်ခြင်း

healthy lifestyle; men preparing breakfast

Photo Source: Westend61.com

တူညီတဲ့မနက်စာကို နေ့တိုင်း ပြင်ဆင်နေရတဲ့အခါ တဖြည်းဖြည်း အကျင့်ရလာပြီး ပြင်ဆင်ချက်ပြုတ်ချိန်လည်း ပိုမိုမြန်ဆန်လာပါတယ်။ အားလပ်ချိန် ပိုရလာတဲ့ကြောင့် ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို ပိုလုပ်နိုင်လာပါလိမ့်မယ်။

သင့်ဦးနှောက်က ပိုအရေးကြီးတဲ့အရာတွေအတွက် စဉ်းစားချိန် ပိုရလာခြင်း

Steve Jobs; successful lifestyle

Steve Jobs နဲ့ Mark Zuckerberg တို့က ဘာ့ကြောင့် တူညီဝတ်စုံကို နေ့တိုင်း ဝတ်ဆင်ကြသလဲဆိုတာကို သင် သိပါသလား။ သူတို့က အဝတ်အစားအတွက် အချိန်မပေးချင်ကြဘဲ အဝတ်အစားထက် ပိုအရေးကြီးတဲ့အရာတွေအတွက် အလုပ်များများပိုလုပ်နိုင်အောင်ပဲဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ မနက်ခင်းမှာ ဘာစားရမလဲဆိုတာကို စဉ်းစားတွေးတောစရာမလိုတော့တဲ့အခါ အခြားသောအရေးကြီးကိစ္စများအတွက် အလုပ်ပိုလုပ်နိုင်လာပါလိမ့်မယ်။

ဝိတ်ကျစေခြင်း

weight loss man; healthy lifestyle

သုတေသနလေ့လာချက်များအရ တူညီသောအစားအစာကို နေ့စဉ်နေ့တိုင်းစားသုံးခြင်းသည် ကိုယ်အလေးချိန်ကျစေဖို့အတွက် ကူညီပေးနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ ဒါကဘာ့ကြောင့်လဲဆိုတော့ တူညီသောမနက်စာသည် ကျန်းမာရေးနဲ့ မညီညွှတ်သော သကြားဓာတ်နှင့် အဆီဓာတ်များကို မစားသုံးမိအောင် ကူညီပေးလို့ပဲဖြစ်ပါတယ်။

ငွေကုန်ကြေးကျ သက်သာခြင်း

money on the plate; successful lifestyle

Photo Source: Bizjournals.com

မနက်စာကို ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းပဲ စားတယ်ဆိုရင် အိမ်မှာချက်ထားတဲ့ထမင်းကို အသုံးပြုပြီး ပဲပြုတ် ၅၀၀ ဖိုးလောက် ဝယ်ရင်ပဲ မိသားစု ၃ ယောက်လောက် ဝဝလင်လင်စားသုံးနိုင်ပါတယ်။ မနက်စာအတွက် တစ်ပတ်ကုန်ကျငွေက ၄၀၀၀ ကျပ်ထက် ပိုကုန်မှာမဟုတ်ပါဘူး။ တကယ်လို့ မတူညီတဲ့ မနက်စာမျိုး ပြုလုပ်စားသုံးမယ်ဆိုရင်တော့ ထိုပမာဏထက် ငွေပိုကုန်သွားပါလိမ့်မယ်။

သင်ရော မနက်စာကို နေ့စဉ်နေ့တိုင်း စားသုံးလေ့ရှိပါသလား။

Source: Brightside.me