လေလာမူတွေအရ ကျောင်းသူကျောင်းသား ၆၀ ရာခိုင်နှုန်းကသာ ဘွဲ့ဒီဂရီတွေ ရကြကြောင်းဖော်ပြထားပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက ဘွဲမရပေမဲ့ သူတို့ရဲ့ဘဝ နှိမ့်ကျသွားသလားဆိုတော့ လုံးဝမဟုတ်ပါဘူး။

ယနေ့ခေတ်မှာ အကောင်းဆုံးပညာရေး တွေက သင့်ဘဝ အောင်မြင်ဖို့ အာမ မခံနိူင်တော့ပါဘူး။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဟာ နာမည်ကြီးတက္ကသိုလ် တွေဆီကနေ ဘွဲ့တွေရထားကြတဲ့ သူတွေမဟုတ်ပါဘူး။ တစ်ချို့ဆိုရင် တက္ကသိုလ် တောင်မတတ်ဖူးတဲ့ သူတွေရှိကြပါသေးတယ်။

ဒီနေ့မှာ kwee ကနေ ဘာကြောင့် ယနေ့ခေတ်ပညာရေး အကြောင်းသိသလောက် ဆွေးနွေးပေးသွားမှာပါ။

တက္ကသိုလ်ပညာရေးဟာ ကုန်ကျစရိတ်များပြားကြတယ်။ ပိုကောင်းတဲ့ တက္ကသိုလ်တွေ တတ်ချင်ရင် ပိုလို့တောင် ဈေးကြီးပါသေးတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ ကျောင်းပြီးတာနဲ့ ပိုက်ဆံများများရတဲ့အလုပ်ရှာပြီး ကျောင်းတတ်ခဲ့စဉ်တုံးက ကုန်ကျခဲ့တာတွေကို ပြန်လည်ရှာဖွေရပါတော့တယ်။

ပြသာနာက ဘာလဲဆိုတော့ ကုမ္ပဏီတော်တော်များများဟာ အလုပ်အတွေ့အကြုံရှိတဲ့သူတွေကိုသာ အလုပ်ခန့်လိုကြပြီး လောလောလက်လက် ဘွဲ့ရကျောင်းသားတွေကို အလုပ်ပေးလေ့မရှိကြဘူး။ ဒါကြောင့် ယနေ့လူတော်တော်များများဟာ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် ဆက်မတတ်ကြတော့ဘဲ လုပ်ငန်းခွင်တန်းဝင်ကုန်ကြတော့တယ်။ နောက် ၄-၅ နှစ်ကြာတော့ သူတို့ဟာ ကျွမ်းကျင်တဲ့ လုပ်သားတွေ ဖြစ်လာကြပြီး တစ်ချို့ဆိုရင် ကိုယ်ပိုင်လုပ်ငန်းတွေ တောင်ထူထောင်လာနိူင်ကြတဲ့အထိ အောင်မြင်ကြတဲ့သူတွေ ရှိကြတယ်။

Source: Quartz

အမေရီကန် TV producer နှင့် သရုပ်ဆောင်ဖြစ်သူ Oprah Winfrey ဟာအသက် ၁၉ နှစ်မှာစပြီး သူ့ရဲ့ TV နဲ့ပက်သတ်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို စတင်ခဲ့ပါတယ်။ Mark Zuckerberg ဟာလည်း သူ့ရဲ့ Facebook ပရောဂျက်ကို အာရုံစိုက်နိူင်ဖို့အတွက် ဟားဗက်တက္ကသိုလ် ဒုတိယပညာသင်နှစ်မှာပဲ ရပ်နားခဲ့ပါတယ်။ ပညာရေးဟာ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်စေတယ် ဆိုတဲ့စကားဟာ မှန်နေသယောင်ရှိပါတယ်။ ကျောင်းသူကျောင်းသား တော်တော်များများဟာ ဘဝရှင်သန်ရေးနဲ့ လားလားမှမဆိုင်တဲ့ စာမေးပွဲဆိုတာကြီးအတွက် အချိန်ကုန်လူပင်ပန်းခံပြီး ကြိုးစားအားထုတ်နေကြရတယ်။ တခြားတဖက်မှာ တစ်ချို့လူတွေက လုပ်ငန်းအတွေ့အကြုံတွေ တပွေးတပိုက်ကြီးနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကုန်နေကြပြီ။တက္ကသိုလ် ပညာရေးဟာ ကိုယ်ယူထားတဲ့ အထူးပြုဘာသာနဲ့ပက်သတ်ပြီးတော့ ယေဘူယျ သဘေားတရားကို သင်ကြားပြသပေးနိူင်ပါတယ်။

Source: Investopedia

ဒါပေမဲ့ ယနေ့ခေတ်မှာ အွန်းလှိုင်းစနစ်နဲ့ ကိုယ့်ရဲ့အသိပညာ ဗဟုသုတတွေ အလုပ်နဲ့ဆိုင်တဲ့ သဘေားတရားတွေကို တနေရာထဲမှာ အချိန်ကုန်သက်သာစွာသင်ယူနိူင်တဲ့ စနစ်တွေ အများကြီး ပေါ်လာနေပြီ။ ဒါဆိုရင် ဘာလို့ တက္ကသိုလ်မှာ ၄-၅ နှစ်လောက်အချိန်ဖြုန်းနေတော့မှာလဲ။

Source: ELearning Industry

နာမည်ကြီး ပရိုဂရမ်မာတွေဖြစ်တဲ့ Bill Gates နှင့် Julian Assange တိုဟာ programming languages သင်ခန်းစာတွေကို အွန်လှိုင်းပေါ်ကနေသင်ယူလေ့ရှိပြီး လက်တွေ့အသုံးချကြတယ်။ တစ်ခါတစ်လေ တက္ကသိုလ်မှာ ၄-၅ နှစ်လောက်အချိန်ကုန်ခံပြီး ကိုယ်လုပ်မဲ့အလုပ်နဲ့ ကိုက်ညီမူမရှိတဲ့ ဘာသာတွေကို အချိန်ကုန်ခံသင်ယူနေမဲ့အစား ကိုယ့်အလုပ်နဲ့ ပက်သတ်ဆက်နွယ်နေတဲ့ သင်ခန်းစာတွေကို သေချာရွေးချယ်ပြီး သင့်တော်ရာနေရာကနေ သင်ယူတာက ပိုမိုအကျိုးရှိမယ်လို့ ထင်ပါတယ်။