လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အရာတွေထဲမှာ အလေးမ လေ့ကျင့်ခန်းတွေလည်း ပါပါတယ်။ အလေးမ လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်လုံးက ကြွက်သားတွေ အကြီးကြီး ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာထက် ပိုတဲ့ အကျိုးပေးပါတယ်။ ဝိတ်မလိုက်လို့ ကြွက်သားကြီးလာတာ ၊ အဆီတွေ ကျသွားတာထက် အရေးကြီးတဲ့ အကျိုးတွေ ရှိပါတယ်။
(၁) ရုပ်ပိုင်းဆိုင်ရာလိုပဲ စိတ်ပိုင်းလည်း ပြောင်းလဲနိုင်တယ်
Photo; Pexels
အလေးပြားတွေကို မလိုက်တာဟာ သင့်စိတ်ပိုင်းဆိုင်ရာကိုပါ မြှင့်တင်လိုက်တာလို့ ပြောနိုင်ပါတယ်။ ရုပ်ပိုင်း အားကောင်းအောင် တည်ဆောက်မြှင့်တင်နေတာဟာ သင့်ခန္ဓာကိုယ်ကို စိန်ခေါ်နေတာပါ။ ကိုယ်ခန္ဓာကို စိန်ခေါ်ခြင်းဟာ စိတ်သတ္တိဖော်ထုတ်ဖို့ အရေးကြီးဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ သင့်ဟာ ဝိတ်ပြားတွေတင် မတင်နေတာ မဟုတ်ပါဘူး။ သင့်စိတ်အားတွေပါ မြှင့်တင်လိုက်တာလို့ ပြောရင် လွန်မှာ မဟုတ်ပါဘူး။
(၂) Self-Worth ပိုခိုင်မာလာတယ်
Photo: Freepik
Self-Worth ဆိုတာ တစ်ခြားသူတွေ ဘယ်လိုပြောပြော သင့်ကိုယ်သင် ဘယ်လောက်တန်ဖိုးထား အသိအမှတ်သလဲဆိုတာကို တိုင်းတာတဲ့ စံ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ချစ်တာ ၊ နားလည်လက်ခံတာဟာ Self-Worth ပါ။ အားကစားလုပ်တယ် ၊ ဝိတ်မတယ်ဆိုတာ သင့်ကိုယ်သင် ချစ်လို့ တန်ဖိုးထား လုပ်ဆောင်နေတာပါ။ အားးကစားလုပ်ချိန်မှာ ကိုယ့်ရဲ့ Personal Record သစ် တင်နိုင်တဲ့နေ့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ပိုမြင့်လာတဲ့ နေ့ ဖြစ်ပါတယ်။
ဝိတ်မခြင်းဟာ လောကထဲမှာ သင့်ကိုယ်သင် ဘာလဲလို့ သက်သေပြခြင်း တစ်ခုပါ။ ဝိတ်မနေချိန်မှာ သင့်ဘာလုပ်နိုင်တယ် ၊ မလုပ်နိုင်ဘူးဆိုတာ သင့်ကိုယ်သင် ညာလို့ မရပါဘူး။ ဝိတ်မခြင်းဟာ သင့်ကိုယ်သင် ပြန်သိစေပြီး ပိုရိုးသားစေတဲ့ အလုပ်ဖြစ်ပါတယ်။ ဝိတ်မနေတာဟာ သင့်ကိုယ်သင် ပိုကောင်းအောင် တည်ဆောက်နေတာကို သတိပေးနေတဲ့ အရာလည်း ဖြစ်ပါတယ်။
(၃) ကြံ့ခိုင်ခြင်းဟာ အခွင့်အရေးပိုပေးတယ်
Photo: Pexels
ကျန်းမာခြင်းဟာ သင့်ကို လွတ်လပ်မှု ပေးပါတယ်။ ဘယ်လိုလွတ်လပ်မှုလဲဆိုရင် ကမ္ဘာကြီးထဲက ထူးခြားတာတွေ ပိုဖော်ထုတ်ဖန်တီးနိုင်တဲ့ လွတ်လပ်မှု ၊ ပိုအရေးကြီးတဲ့ အရာတွေကို ဆက်သွယ်ဖြန့်ဖြူးနိုင်ဖို့ အရည်အသွေးနဲ့ သင့်ကို နာဖျားဆင်းရဲကြောင့် ဖြစ်တဲ့ ဒုက္ခကနေ ကင်းဝေးရတဲ့ လွတ်လပ်မှုတွေ ပါ။ ကျန်းမာကြံ့ခိုင်သူဟာ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိတဲ့လူတစ်ယောက် ၊ ပိုပြီး ကိုယ့်အကြောင်းကို သိတဲ့လူတစ်ယောက် ၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ဒေါင်ကျပြားကျ ခံနိုင်ရည် ရှိသူတစ်ယောက်စတဲ့ ပိုကောင်းတဲ့ Version တစ်ခု ဖြစ်စေပါတယ်။