အသားငါး စားသုံးမှုကနေ ရှောင်ကြဉ်ကြသူတွေကို သက်သတ်လွတ်စားသူ (သားသတ်လွတ်စားသူ) စသည်ဖြင့် ခေါ်ကြပါတယ်။ တစ်ချို့သက်သတ်လွတ်စားသူတွေဟာ ကျန်းမာရေးအရ အသား ၊ ငါး ရှောင်တာ ဖြစ်ပြိး တစ်ချို့လည်း ဘာသာရေးအရ ၊ တစ်ချို့ကတော့ သတ္တဝါတွေ သတ်ဖြတ်တာကို မကြိုက်လို့ ၊ တိရစ္ဆာန်လေးတွေကို သနားလို့ စသည်ဖြင့် ရှိကြပါတယ်။

Photo: RD

တကယ်တော့ အသား ၊ ငါး ၊ နို့ ၊ ကြက်ဥစတဲ့ အစားအစာတွေကနေ ကျွန်တော်တို့ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေ ရရှိတာကြောင့် စားသုံးနေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း အသားငါးတွေကို အနည်းဆုံး တစ်ပတ် ၁ ခါဖြစ်စေ ၁၀ ရက် ၁ ခါဖြစ်စေ ရှောင်ကြဉ်မယ်ဆိုရင်လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိလာပါလိမ့်မယ်။

အရင်ဆုံး ရမှာက ကျန်းမာရေး အကျိုးကျေးဇူးပါ။ သစ်သီးသစ်ရွက် စားရင်း အဆီကျပြီး နေလို့ပေါ့ပါးတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ အသားငါး ရှောင်သူတွေဟာ နှလုံးရောဂါ ၊ ဆီးချို သွေးချိုနဲ့ တစ်ခြား ကင်ဆာလို့ ဝေဒနာကြီးတွေပါ ဖြစ်ပွားမှုနည်းပါးပါတယ်။

နောက်ထပ်ရမယ့်အကျိုးကျေးဇူးက စိတ်ခံစားချက်လည်း ကြည်လင်လာတာပါ။ အပင်က ရတဲ့ အစာအာဟာရ စားသုံးသူတွေဟာ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ဓါတ်ကျခြင်းတွေ သက်သာလျော့ပါးကြတယ်လို့ ဆိုပါတယ်။

Photo: fatherly

အာဟာရဓါတ်အနေနဲ့လည်း အသားဓါတ်ကနေ ပေးတဲ့ အာဟာရဓါတ်အားလုံးနီးပါးကို သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက်တွေက ထုတ်လုပ်ပေးနိုင်တာကြောင့် အာဟာရဓါတ် ချို့တဲ့မှာ စိတ်ပူစရာ မရှိပါဘူး။
အချုပ်ပြောမယ်ဆိုရင် တစ်ပတ်တစ်ခါလောက် အသားရှောင်လိုက်တာနဲ့ ကျန်းမာရေး မထိခိုက်တဲ့အပြင် နေလို့ကောင်းပြီး ပိုကျန်းမာတယ် ခံစားရမှာပါ။ အသားစား နည်းလာတာကြောင့် အစားအသောက်အတွက် ကုန်ကျစရိတ်လည်း နည်းလာပါလိမ့်မယ်။