ကလေးဘဝကုန်ဆုံးပြီး လူလားမြောက် အရွယ်ရောက်လာတဲ့အခါ မိမိဘဝအတွက် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှတ်လာရပြီဖြစ်ပါတယ်။ ယောကျာ်းများအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်က သူတို့ရဲ့ဘဝကို အောင်မြင်အောင် ကူညီပေးနိုင်ပေမယ့် ဆုံးဖြတ်ချက်မှားယွင်းသွားတဲ့အခါ နောင်တတရားနဲ့သာ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။

ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ ဆုံးဖြတ်ချက် မပြတ်သားခြင်းက သင့်ရဲ့လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝကို အနှောင့်အယှက် အတားအဆီးတစ်ခုဖြစ်စေပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဆုံးဖြတ်ချက် မပြတ်သားဘဲ တွေဝေကာ ချီတုံချတုံဖြစ်ခြင်းကြောင့် ခံစားရမယ့် အကျိုးဆက်များကတော့…

မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်း

why indecisive is bad for men

Photo Source: Themagicrain.com

မိမိဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘဲ အခြားသူဆီက အကြံဉာဏ်များ အမြဲတမ်းရယူနေရပါသလား။ သူများရဲ့အကြံဉာဏ်ကို အမြဲတမ်း ရယူနေခြင်းက မိမိရဲ့လုပ်နိုင်စွမ်း၊ မိမိကိုယ်ကို ယုံကြည်မှုကို ကျဆင်းစေပါတယ်။

တီထွင်ဖန်တီးနိုင်မှုကို ကျဆင်းစေခြင်း

why indecisive is bad for men

Photo Source: Everypixel

တီထွင်ဖန်တီးနိုင်စွမ်းက ယနေ့ခေတ် မော်ဒန်လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက် မချမှတ်နိုင်သူများအဖို့ တီထွင်ကြံဆမှုအားလည်း ကျဆင်းမှာပဲဖြစ်ပါတယ်။

အခွင့်အရေးကောင်းများကို လက်လွှတ်ဆုံးရှုံးရခြင်း

why indecisive is bad for men

Photo Source: Vecteezy.com

လုပ်ငန်းခွင်တစ်ခုမှာ အထက်လူကြီးများက ရာထူးတိုးဖို့ ဆုံးဖြတ်တဲ့အခါ ထိုသူရဲ့အလုပ်လုပ်နိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက် ချက်မှတ်နိုင်စွမ်းတို့ပေါ် မူတည်ပြီး ရာထူးတိုးပေးလေ့ရှိပါတယ်။ တကယ်လို့ သင့်မှာ တိကျသေချာတဲ့ဆုံးဖြတ်ချက်မရှိဘူးဆိုရင် သင့်အထက်လူကြီးများက အရေးကြီးတဲ့လုပ်ငန်းကိစ္စများအတွက် သင့်ကို ဘယ်လိုမှ စိတ်ချလက်ချ အလုပ်အပ်ထားနိုင်မှာမဟုတ်ပါဘူး။ ဒီလိုကနေ သင့်အတွက် အခွင့်အရေးကောင်းများ တဖြည်းဖြည်း ဆုံးရှုံးသွားရပါလိမ့်မယ်။

အတွေ့အကြုံနည်းပါးစေခြင်း

why indecisive is bad for men

Photo Source: Allbusiness.com

အတွေ့အကြုံက အကောင်းဆုံးဆရာတစ်ပါးပဲဖြစ်ပါတယ်။ လူတိုင်းက အမှားတွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့လည်း ထိုအမှားတွေကနေ သင်ယူပြီး တူညီတဲ့အမှားမျိုး နောက်တစ်ကြိမ် မကျူးလွန်မိအောင် ကြိုးစားကြရပါတယ်။ တကယ်လို့ သင်က မိမိဘဝအတွက် ဆုံးဖြတ်ချက် မချဘူးဆိုရင် အမှားတွေလည်း လုပ်မိမှာမဟုတ်ဘဲ ထိုအမှားတွေကနေ သင်ယူလေ့လာခွင့်လည်း ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

သင့်ရဲ့တိုးတက်မှုနှုန်းကို အဟန့်အတန်းဖြစ်စေခြင်း

why indecisive is bad for men

Photo Source: iStock.com

ဆုံးဖြတ်ချက် မပြတ်သားခြင်းက သင့်ဘဝတိုးတက်မှုအတွက် ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ အထက်ဖော်ပြပါ အချက်များကို ခြုံကြည့်လိုက်မယ်ဆိုရင် သင့်ဘဝအတွက် ကောင်းကျိုးတစ်ခုမျှ မပေးပါဘူး။ ဆိုးကျိုးများကိုသာ ဖြစ်စေပြီး သင့် လူမှုဘဝအတွက်သာမက၊ လုပ်ငန်းခွင်ဘဝအောင်မြင်မှုအတွက်ကိုလည်း တဖြည်းဖြည်း ဖဲ့ယူသွားပါလိမ့်မယ်။

ဒါ့ကြောင့် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့အတွက် အခုကတည်းက ကြိုးစားလိုက်ပါ။ တကယ့်ယောကျာ်းကောင်း ယောကျာ်းမြတ်များသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ တွေဝေမနေတတ်ကြဘဲ မိမိဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်များကိုလည်း ရဲရဲကြီး တာဝန်ယူတတ်ကြပါတယ်။

Source: Careercontessa.com