အလုပ်များလာတဲ့လူနေမှုပုံစံအရ မနက်စာဟာ ဦးစားပေးစားရမယ့်အစားအစာစာရင်းမှာ မပါတော့ပါဘူး။ တကယ်တော့ မနက်စာစားဖို့အတွက်အချိန်နည်းနည်းပေးလိုက်တာက သင့်ရဲ့တနေ့တာလုံးကိုတကယ်ပြောင်း လဲစေပါတယ်။ မနက်စာကိုအလုပ်မသွားခင် အိမ်မှာစားခဲ့လို့ရသလို သွားရင်းလာရင်းအဆင်ပြေတာတခုခုလဲ စားလိုက်လို့ရပါတယ်။ အခုပြောမယ့် အချက်တွေကတော့ ဘာလို့မနက်စာကတကယ် အရေးကြီးလဲဆိုတဲ့အ ချက်တွေဖြစ်ပါတယ်။
(၁) မနက်စာက သရေစာစားချင်စိတ်ကိုလျော့ကျစေတယ်
Source : US News Health
လေ့လာမှုများအရ မနက်စာစားသုံးခြင်းဟာ တနေ့တာလုံးဆာလောင်တာနဲ့ အစားစားချင်စိတ်ကိုလျှော့ချစေနိုင် တယ်လို့ဆိုပါတယ်။ ဟုတ်ရဲ့လားလို့ထင်ရပေမယ့် သင့်အနေနဲ့မနက်စာမစားတဲ့နေ့တွေမှာ တနေ့တာလုံး ပိုဆာ လောင်တတ်တာကို သတိထားမိမှာပါ။ အမျှင်ဓါတ်များများပါတဲ့မနက်စာစားပေးရင် တနေ့တာလုံးမှာ သရေစာ စားချင်တာမျိုးမရှိတော့တဲ့အတွက် အပိုငွေကုန်တာကိုပါသက်သာစေပါတယ်။
(၂) အစားနည်းစေတယ်
Source : Shutterstock
မနက်စာကောင်းကောင်းစားတဲ့အခါ ဆာလောင်မွတ်သိပ်တာမျိုးကိုလျော့ချပေးတဲ့အတွက် အလုပ်မှာသင့်တနေ့ တာကိုအစားအများကြီးမစားမိအောင် ကူညီပေးပါတယ်။ အဟာရဂျာနယ်တခုက ၂၀၁၁ ခုနှစ်မှာပြုလုပ်တဲ့လေ့ လာမှုတခုမှာ မနက်စာစားတဲ့သူတွေနဲ့မစားတဲ့သူတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ မနက်စာစားတဲ့သူတွေက တနေ့ လုံးဗိုက်ဆာသလိုဖြစ်နေတာမျိုးမရှိတာကို တွေ့ရပါတယ်။
(၃) မှတ်ဉာဏ်ကောင်းစေတယ်
Source : Stocksy United
ကာဘိုဟိုက်ဒရိတ်က ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ သင့်ရဲ့တနေ့တာကိုစတင်တဲ့အခါ အာ ဟာရပြည့်ဝတဲ့မနက်စာကိုစားသုံးပေးတဲ့အတွက် မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုအဆင့်ကိုတိုးတက်စေပြီး စိတ်ဖိစီး မှုကိုလျော့နည်းစေပါတယ်။ ကလေးတွေမှာဆိုရင် နက်စာစားတဲ့ကလေးတွေက သိမြင်မှုစွမ်းရည်တိုးတက်လာ ပြီး ကျောင်းမှာပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်တာတွေ့ရပါတယ်။
(၄) ဆီးချိုရောဂါကာကွယ်တယ်
Source : Medical News Today
ဟုတ်ပါတယ်။ ပုံမှန်မနက်စာစားတာက သင့်မှာဆီးချိုရောဂါဖြစ်နိုင်ခြေကိုကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်ရှိပါတယ်။ ၁၀နှစ်တာ သုတေသနပြုလေ့လာမှုတခုမှာ နံနက်စာပုံမှန်စားသုံးတဲ့သူတွေက ဆီးချိုရောပါဖြစ်နိုင်ခြေကို ၃၀%ရာခိုင်နှုန်းလျော့နည်းသွားတာတွေ့ရပါတယ်။ ဒါကမနက်စာစားတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အင်ဆူလင်ကိုတိုးစေတဲ့အတွက်လို့ ဆိုပါတယ်။
(၅) ဝိတ်ကျစေတယ်
Source : Sunday Edit
နောက်ဆုံးတချက်ကတော့ မနက်စာစားသူတွေဟာ အဝလွန်ခြင်းကိုလျှော့ချနိုင်ပြီး BMI လို့ခေါ်တဲ့ body mass index လူရဲ့အရပ်နဲ့ကိုယ်ခန္ဓာကိုတိုင်းတာတဲ့ဇယားမှာ ပိုမိုကျန်းမာတာကို တွေ့ရပါတယ်။ ဒါ့အပြင် မနက်စာက သင့်ခန္ဓာကိုယ်ကြွက်သားတွေကိုစွမ်းအင်ပြည့်စေပြီး တနေ့တာလုပ်ဆောင်မှုတွေမှာစွမ်းအင်ပြည့်ဝစေနိုင်ပါ တယ်။