လူတော်တော်များများ ရေအေးအေးလေးသောက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ပင်ပန်းလာတဲ့အချိန်မှာ ရေအေးအေးလေးတစ်ခွက်သောက်လိုက်ရင် အမောပြေသွားတက်ပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ မတွေးမိကြပါဘူး။ ရေခဲရေသောက်ခြင်းဟာ အစောချေစနစ်ကို အနှောက်အယှက်ဖြစ်စေတဲ့အပြင် တစ်ခြားအကျိုးဆက်တွေအများကြီးရှိနေပါသေးတယ်။
အစာချေစနစ်ကို အနှောက်အယှက်ဖြစ်စေတယ်

Source: AskDrShah
ရေခဲရေသောက်တာက ဗိုက်နာတာ၊ လေထတာနဲ့ အစာအိမ်ထဲမှာ မအီမသာဖြစ်တာစတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ နောက်ထပ်ဆိုးကျိုးတစ်ရပ်က ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ အပူတွေ အောင်းနေတက်ပါတယ်။
အဆီပိုတွေဖြစ်စေတယ်

Source: BabaMail
ရေခဲရေသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ အပူချိန်လျော့ကျသွားစေပါတယ်။ ဒီလိုအပူချိန်လျှော့ကျသွားတဲ့အခါမှာ အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။
ဝမ်းချုပ်စေနိုင်ခြင်း

Source: The Active Times
ရေခဲရေ သောက်သုံးခြင်းက ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့ ချေဖျက်လိုက်တဲ့အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ် ပေါ်စေနိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ အညစ်အကြေးတွေက ဗိုက်ထဲမှာစုမိနေတာကြောင့် နေရထိုင်ရတာ မအီမသာဖြစ်စေနိုင်သလို ခံတွင်းအနံအသက်ကိုလည်း ဆိုးဝါးစေပါတယ်။
လည်ချောင်းနာခြင်း

Source: thehealthsite
အေးမြတဲ့ရေခဲရေက နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေ ဖြစ်စေနိူင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။
ခေါင်းကိုက်စေနိုင်ခြင်း

Source: NDTV Food
ရေခဲရေကလည်း ရေခဲမုန့်လိုပဲ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။
