သီချင်းဆိုတာက လူအများကိုပျော်ရွှင်လန်းဆန်းမှုကို ယူလာပေးနိုင်ပါတယ်။ ဒါ့အပြင် သီချင်းဆိုတာကသင့်ရဲ့စိတ်အားထက်သန်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုကျန်းမာရေးအတွက်ကိုပါ မယုံနိုင်လောက် အောင် အကျိုးကျေးဇူးတွေပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ သီချင်းဆိုခြင်းရဲ့ကောင်းကျိုး (၅)ခုကိုပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်

Source : Freepik

သုတေသနပြုချက်တွေအရ သီချင်းဆိုတာကကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပါတယ်။ မိုဇာတ်ရဲ့ Requiem ဆိုတဲ့သီချင်းကို လေ့ကျင့်သင်ကြားခြင်းမပြုမီလေ့လာမှုနဲ့ လေ့ကျင့်ပြီးနောက်လေ့လာမှုအရ ဂီတအဖွဲ့ဝင်တွေ ရဲ့သွေး ကိုစစ်ဆေးကြည့်တဲ့အခါရောဂါတိုက်ထုတ်တဲ့ အန်တီဘိုင်အိုးတစ်တွေပိုမိုများပြားစွာပါဝင်လာတာကို တွေ့ရပါတယ်။

(၂) စိတ်ဖိစီးမှုကိုလျော့ကျစေတယ်

Source : 123RF

သီချင်းဆိုတာက ကြွက်သားတင်းမာမှုတွေကိုလျော့ကျစေပြီး သွေးစီးဆင်းမှုမှာပါဝင်တဲ့ cortisol လို့ခေါ်တဲ့စိတ် ဖိစီးမှုကိုဟော်မုန်းပမာဏကို လျော့ကျစေပါတယ်။

(၃) မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးကို ပိုကောင်းစေတယ်

Source : Dnevna Doza

သင်ဟာ KTV တခုမှာ သင့်သူငယ်ချင်းတွေနဲ့အတူတူ Karaoke ဆိုရတာကိုကြိုက်တယ်ဆိုရင် ထင်မထားတဲ့အကျိုးကျေးဇူးတခုက သင့်တို့ရဲ့ဆက်ဆံရေးကိုပိုတိုးတက်စေတာပါ။ သင့်မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အတူတူသီချင်းဆိုတာက သင်တို့ရဲ့ရင်းနှီးခင်မင်မှုအတိုင်းအတာကိုပိုပြီးနက်ရှိုင်းစေတယ်လို့ဆိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတိုးစေတယ်

Source : Online Courses

သင်သီချင်းဆိုကောင်းလာတဲ့အခါ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ချီးကျူးမှုခံရတဲ့အတွက် စင်ပေါ်တက်ရမှာ မကြောက်တော့ဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေပါတယ်။ အဲ့ဒီကနေ တခြားအကြောင်းအရာတွေနဲ့ပါ လူရှေ့ထွက်ဖို့မကြောက်တော့ဘဲ ပိုကောင်းတဲ့တင်ဆက်မှုစွမ်းရည်တွေ ရလာနိုင်ပါတယ်။

(၅) အိပ်စက်မှုကို အကူအညီပေးတယ်

Source : Depositphotos

Daily Mail Online မှ ကျန်းမာရေးဆောင်းပါးတခုရဲ့အဆိုအရ သီချင်းဆိုတဲ့အခါ လည်ချောင်းနဲ့အာခေါင်ကြွက် သားတွေပိုမိုအားကောင်းလာတယ်လို့ဆိုပါတယ်။ လည်ချောင်းနဲ့အာခေါင်ကြွက်သားတွေကောင်းမွန်တာက အိပ်စက်မှုကိုအများကြီးအထောက်အကူပြုတဲ့အတွက် သီချင်းဆိုတာက သင့်ကိုကောင်းစွာအိပ်ပျော်စေမှာပါ။ ဒါပေမယ့် တခုရှိတာက အိပ်မပျော်လို့ဆိုပြီး ညသန်းခေါင်ကြီးတော့ သီချင်းထမဆိုနဲ့ပေါ့နော်။