လူတစ်ယောက်ရဲ့အကောင်းဆုံးကျန်းမာရေးသုခနဲ့ ပျော်ရွှင်မှုကိုထိန်းသိမ်းရန်အတွက်လုံလောက်စွာ အိပ်စက်ခြင်းကမရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာရေးအတွက် အိပ်ချိန်ဆိုတာပုံမှန်လေ့ကျင့်ခန်းလုပ်သလို သင့်တင့်မျှတ တဲ့အစာကိုစားသလိုမျိုးကို အရေးကြီးတာဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ လုံလောက်စွာအိပ်စက်အနား ယူခြင်းနဲ့ပတ်သတ်တဲ့ ကျန်းမာရေးပညာရှင်များရဲ့ဆက်စပ်ပြောဆိုမှုတွေပဲဖြစ်ပါတယ်။

(၁) လုပ်ငန်းခွင်လုပ်ဆောင်မှုပိုမိုကောင်းမွန်ခြင်းနဲ့ အာရုံစူးစိုက်မှုကောင်းမွန်ခြင်း

Source : Shutterstock

အိပ်စက်ခြင်း၏ အကျိုးကျေးဇူးတွေကို ၂၀၀၀ ပြည့်နှစ်အစောပိုင်းက သိပ္ပံပညာရှင်တွေပြုလုပ်ခဲ့ တဲ့လေ့လာမှုတွေများစွာရှိခဲ့ပါတယ်။ သုတေသီတွေရဲ့တွေ့ရှိချက်တွေအရ အိပ်စက်ခြင်းကဦးနှောက်အလုပ်လုပ် ပုံနဲ့များစွာဆက်စပ်မှုရှိပါတယ်။ အဲ့ဒါတွေကတော့ အာရုံစူးစိုက်မှု၊ အလုပ်လုပ်နိုင်စွမ်း၊ သိမှတ်ခံစားမှုအာရုံတို့ အတွက်ကောင်းမွန်စေတာပဲဖြစ်ပါတယ်။

(၂) နှလုံးရောဂါအန္တရာယ်မှ လျော့နည်းစေခြင်း

Source : Shutterstock

နှလုံးရောဂါဖြစ်စေနိုင်တဲ့အဓိကအချက်တခုမှာ သွေးဖိအားမြင့်မားတာပဲဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)ရဲ့အဆိုအရ လုံလောက်စွာအိပ်စက်အနားယူခြင်းက ခန္ဓာကိုယ်ရဲ့သွေးပေါင်ချိန်ကို သူ့အလိုလို ထိန်းညှိနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အိပ်စက်ချိန်အသက်ရှူရပ်ခြင်းလိုအခြေအနေမျိုးကိုလျှော့ချပေးပြီး နှလုံးကျန်းမာရေးကိုကောင်းစေပါတယ်။

(၃) စိတ်ခံစားမှုပိုကောင်းစေခြင်း (EQ)

Source : Shutterstock

လုံလောက်တဲ့အိပ်စက်မှုမရတာက မိမိစိတ်မှာ တခြားသူတွေရဲ့စိတ်၊အမူအရာတွေနဲ့ပတ်သတ်ပြီးပြသနာပို များစေပါတယ်။ သုတေသီတွေရဲ့အစောပိုင်းလေ့လာချက်တွေအရ လူတစ်ဦးက အိပ်ရေးမဝတဲ့အခါစိတ်ပိုင်း ဆိုင်ရာစာနာမှုပါနည်းသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အိပ်စက်ခြင်းဟာ လူတို့ရဲ့လူမှုဆက်ဆံရေးဆိုင်ရာ စိတ်ခံစားမှုနဲ့လဲချိတ်ဆက်နေပါတယ်။

(၄) စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း

Source : Shutterstock

အိပ်စက်ခြင်းနဲ့ စိတ်ကျန်းမာရေးကြားဆက်နွယ်မှုကို အချိန်အတော်ကြာသုတေသနပြုချက်အရ စိတ်ကျရောဂါ က အိပ်စက်ခြင်းသက်ဆိုင်မှုရှိပါတယ်။ စိတ်ရောဂါကုသမှုတွင်တွေ့ရသော လေ့လာမှုတခုအရ ၁၀နှစ် ကျော် အတွင်းကိုယ့်ကိုယ်ကိုသတ်သေမှုတွေကို စစ်ဆေးကြည့်တဲ့အခါ အိပ်စက်ခြင်းမရှိတာက ကိုယ့်ကိုယ်ကိုသတ် သေဖို့ကို များစွာအထောက်အကူပြုသည့်အချက်ဖြစ်တာတွေ့ရပါတယ်။ အိပ်မပျော်တာလိုရောဂါရှိသူတွေမှာလဲ စိတ်ကျရောဂါလက္ခဏာများပြနိုင်တယ်လို့ဆိုပါတယ်။