ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ကို ရုတ်တရက်ကြီး လျစ်လျူရှုနေပါသလား။ ဘာ့ကြောင့် ကိုယ့်ကို ရုတ်တရက်လျစ်လျူရှုနေသလဲဆိုတာကို စဉ်းစားရကြပ်နေပါသလား။ သင် အမှားတစ်စုံတစ်ရာ လုပ်မိလိုက်လို့လား။

အချို့ကောင်မလေးတွေသည် စိတ်ကောက်တဲ့နေရာမှာလည်း တော်သလို၊ လူတစ်ယောက်ကို လျစ်လျူရှုတဲ့နေရာမှာလည်း တော်ကြပါတယ်။ သူက လျစ်လျူရှုတယ်ဆိုတိုင်းလည်း ကိုယ့်အမှားကြောင့် မဟုတ်ပါဘူး။ သူ(မ)သည် တစ်စုံတစ်ရာကို စိတ်ဆိုးနေတာဖြစ်နိုင်သလို၊ အခြားသော စဉ်းစားစရာအကြောင်းကိစ္စများ ရှိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ကောင်မလေးက ကိုယ့်ကို ဘာ့ကြောင့် လျစ်လျူရှုလိုက်သလဲဆိုတဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာများကတော့ …

သင့်ရဲ့အရေးပေးမှုကို လိုချင်လို့

Why Is Your Girlfriend Ignoring You all of a sudden

ကောင်မလေးတွေရဲ့အပြုအမူသည် ပြောင်းပြန်ယူဆရမှာဖြစ်ပါတယ်။ သူ(မ)က သင့်ကို လျစ်လျူရှုနေပေမယ့် တကယ်တမ်းမှာတော့ သင့်ဆီက အာရုံစိုက်ခံရမှုကို လိုချင်တာဖြစ်ပါတယ်။ သင့်ဆီက Attention ပေးတာကို လိုချင်တဲ့အတွက်ကြောင့် သင် သတိထားမိအောင် သင့်ကို လျစ်လျူရှုနေရခြင်းဖြစ်ပါတယ်။

သင့်အပြုအမူကြောင့်

Why Is Your Girlfriend Ignoring You all of a sudden

သင် ပြောလိုက်တဲ့အကြောင်းအရာတစ်ခုခု (သို့) သင့်ရဲ့အပြုအမူတစ်ခုခုကြောင့် စိတ်ဆိုးပြီး လျစ်လျူရှုလိုက်တာလည်းဖြစ်နိုင်ပါတယ်။ သင် ဘာအမှားပြုလုပ်မိသလဲဆိုတာ သေချာပြန်စဉ်းစားကြည့်လိုက်ပါဦး။

သူ(မ) နေမကောင်းလို့

Why Is Your Girlfriend Ignoring You all of a sudden

Source: Istockphoto.com

မိန်းကလေးတွေသည် တစ်လတစ်ခါ ဓမ္မတာလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အတက်အကျလွယ်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်တတ်ကြပါတယ်။ ထိုရက်တွေမှာ ခံစားချက်အပြောင်းအလဲအဖြစ်များတာကြောင့် တစ်စုံတစ်ရာကို စိတ်အလိုမကျလို့ သင့်ကိုလျစ်လျူရှုတာလည်းဖြစ်နိုင်ပါတယ်။ ထိုအချိန်မျိုးမှာ သင့်ဘက်က သူ(မ)အပေါ် အရင်ကထက် ကြင်နာယုယပေးဖို့လိုအပ်ပါတယ်။

သင့်ကို စိတ်မဝင်စားတော့လို့

Why Is Your Girlfriend Ignoring You all of a sudden

သင် ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး။ မက်ဆေ့ချ်ပို့ရင်လည်း ပြန်ချင်မှ ပြန်တယ်။ သင်နဲ့ ဒိတ်လုပ်ဖို့ကိုလည်း အကြောင်းပြချက်တစ်ခုပြီးတစ်ခုပေးပြီး ရှောင်နေပါသလား။ ထိုအခြေအနေမျိုးကြုံတွေ့ရပါက သူ(မ)ကို ပွင့်ပွင့်လင်းလင်းသာမေးမြန်ပြီး လမ်းခွဲသင့် လမ်းခွဲလိုက်ပါ။ ကိုယ့်ကို စိတ်မဝင်စားတော့၊ မချစ်တော့တဲ့သူတစ်ယောက်ကို ဘာ့ကြောင့် အချိန်ပေးနေဦးမှာလဲ။

ခက်ခဲကြမ်းတမ်းတဲ့အခြေအနေများကို ရင်ဆိုင်နေရလို့

Why Is Your Girlfriend Ignoring You all of a sudden

အချို့သူတွေသည် ပွင့်ပွင့်လင်းလင်းမရှိတတ်ကြဘဲ ပြဿနာတစ်စုံတစ်ရာကြုံတွေ့ရပါက တစ်ယောက်တည်း ကြိတ်ဖြေရှင်းတတ်တဲ့အကျင့်ရှိကြပါတယ်။ သူ(မ) ကြုံတွေ့နေရတဲ့ မိသားစုပြဿနာ၊ စီးပွားရေးအခက်အခဲများစွာကို သင့်ကို ပေးမသိဘဲ သူ(မ)တစ်ယောက်တည်း ဖြေရှင်းနေရတဲ့အခါမျိုးမှာ သင့်ကို မတော်တဆလျစ်လျူရှုမိတာမျိုးဖြစ်တတ်ပါတယ်။

သူ(မ)တစ်ယောက်တည်း ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါက သင်သည် သူ(မ)အတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရပ်တည်ပေးပြီး သူ(မ)အတွက် အားဆေးတစ်ခွက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

Source: Lovepanky.com

Featured Image Source: Elitedaily.com