ဂီတဟာ လူကို ပျော်ရွှင်စေတယ်။ စိတ်ခွန်အားရပြီး နိုးကြားစေတယ်ဆိုတာကိုတော့ လူတိုင်း သိပြီးသားပါပဲ။ ဒါပေမယ့် အိပ်ရာနိုးထစ မနက်ဖက်တွေမှာ သီချင်းနားထောင်သင့်သလားလို့ မေးရင် ကျန်းမာရေးအမြင်အရ Yes လို့ ပြောချင်ပါတယ်။ အိပ်ရာက နိုးတာနဲ့ သီချင်းနားထောင်မယ်ဆိုရင် အခုပြောမယ့် အကျိုးကျေးဇူးတွေ ခံစားရမှာပါ။

(၁) Cortisol Level ကျစေတယ်

Music lowers cortisol levels

Photo: Brightside Me

လေ့လာမှုတွေအရ အိပ်ရာက နိုးလာချိန် ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို နားထောင်ပေးတာက စိတ်ဖိစီးမှု သက်သာစေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းကို Cortisol လို့ ခေါ်ပါတယ်။ တစ်နေ့တာအစ အိပ်ရာနိုးချိန်မှာ သီချင်းကောင်းလေးတစ်ပုဒ်နားထောင်တာဟာ ပြင်ပသက်ရောက်မှုတွေကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုကို သက်သာရာရစေပါတယ်။

(၂) Dopamine Level တက်စေတယ်

Music increases dopamine levels

Photo: Brightside Me

သီချင်းတစ်ပုဒ်နားထောင်တဲ့အခါ စိတ်ခံစားချက်ဟာ ချက်ချင်း ပြောင်းသွားပါတယ်။ ဂီတဟာ ပျော်ရွှင်မှုတွေကို လှုံ့ဆော်ပေးတယ်ဆိုတဲ့ Dopamine ဟော်မုန်း ပိုထွက်အောင် ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ရာက နိုးနိုးချင်း စိတ်ထဲမှာ လေနေတယ် ခံစားရရင် သီချင်းတစ်ပုဒ်သာ ကောက်ပြီး နားထောင်လိုက်ပါလို့ ပြောချင်ပါတယ်။

(၃) မှတ်ဉာဏ်နဲ့ ဖန်တီးမှုကို လှုံ့ဆော်ပေးတယ်

Music stimulates memories

Photo: Brightside Me

သီချင်းတွေဟာ သိမှုလုပ်ဆောင်ချက်ကို ပိုကောင်းစေပါတယ်။ သီချင်းနားထောင်တာဟာ ပိုပြီး မှတ်မိစေနိုင်ပါတယ်။ လေ့လာမှုတွေအရ သီချင်းနားထောင်ခြင်းအားဖြင့် မှတ်ဉာဏ်ပိုအားကောင်းစေတယ်လို့ ဆိုပါတယ်။ မှတ်ဉာဏ်ပုံစံ နူရွန်အဖွဲ့တွေကို ပြန်နှိုးဆွပေးလို့ ဖြစ်ပါတယ်။ နောက်ပြီး သီချင်းနားထောင်တာက လူကို ပိုပြီး ဖန်တီးမှု ထက်သန်စေနိုင်ပါတယ်။ သီချင်းနားထောင်ရင်း အိုင်ဒီယာသစ်တွေ စီးမျောတိုးဝင်လာတာကို လူတော်တော်များများ ကြုံဖူးကြမှာပါ။

(၄) ကိုယ်ခံအားစနစ် ပိုကောင်းစေတယ်

Music boosts the immune system

 

ကိုယ်ခံအားစနစ်ကောင်းအောင် သီချင်းတွေက ကူညီပေးနိုင်တယ်ဆိုရင် အံ့ဩကြပါလိမ့်မယ်။ သီချင်းသံစဉ်တွေက ခန္ဓာကိုယ်ကို Antibodies လို့ ခေါ်တဲ့ ပဋိပစ္စည်းတွေ ပိုထွက်စေတယ်လို့လည်း သုတေသနတွေက ဖော်ပြထားပါတယ်။ သီချင်းနားထောင်ခြင်းဟာ လူ့ကိုယ်မှာ ကူးစက်ဖို့ ချောင်းနေတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ရာမှာပါ အထောက်အကူပြုပါတယ်။

(၅) နွမ်းနယ်မှုကို လျော့ကျစေတယ်

Music reduces grogginess

Photo: Brightside Me

အိပ်ရာက နိုးနိုးချင်း သီချင်းနားထောင်တာဟာ ပင်ပန်းတာကို သက်သာစေပါတယ်။ အိပ်ရာထ အားမရှိသလို ဖြစ်တာကို လျော့ပါးစေပြီး မြန်မြန်နိုးထစေသလို လူလည်း တက်ကြွရွှင်လန်းအောင် ကူညီပေးပါတယ်။ အသံချင်းတူပေမယ့် နှိုးစက်သံနဲ့ အိပ်ရာထတာက လူကို နိုးနိုးချင်း စိတ်ရှုပ်ထွေးစေတယ်လို့ ခံစားရပြီး သီချင်းသံနဲ့ နိုးထတာက စိတ်ကြည်လင်ပြီး လူကို ပို Alert ဖြစ်စေပါတယ်။