မွေ့ယာများသည် အိပ်စက်ရာမှာ သက်သောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရန် ကူညီပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မွေ့ယာဝယ်တဲ့အခါ အများစုသည် မွေ့ယာဖြစ်ရင်ပြီးရောဆိုပြီး ဝယ်ကြကာ အရည်အသွေးကို လျစ်လျူရှုထားကြပါတယ်။

စစ်တမ်းများအရ ကျွန်တော်တို့သည် လူ့သက်တမ်း တစ်ဝက်ခန့်ကို အိပ်ရာပေါ်မှာ ကုန်ဆုံးကြတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ သက်သောင့်သက်သာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ မွေ့ယာကို ရွေးချယ်သင့်တာဖြစ်ပါတယ်။ ဒါမှသာ အိပ်စက်ရတာသက်သောင့်သက်သာဖြစ်ပြီး ကျောရိုးနှင့် ခါးရိုးများအတွက် သင့်တော်မှာဖြစ်ပါတယ်။

မွေ့ယာများမှာလည်း ကုန်ဆုံးသက်တမ်းရှိကြပါတယ်

Why Men Should Change Their Mattress Every 6 to 8 Years

Photo: Businessinsider

ကျွမ်းကျင်ပညာရှင်များအရ မွေ့ယာတစ်ခုမှာ ယေဘုယျအားဖြင့် ၈ နှစ်ခန့် ခံတယ်လို့ ပြောကြားထားပါတယ်။ သူ့ထက် ကြာမြင့်ချိန်တိုတောင်းတာလည်းဖြစ်နိုင်သလို သူ့ထက်လည်း ကြာမြင့်နိုင်ပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ မွေ့ယာကို ဆက်လက်အသုံးပြုနေမယ်ဆိုရင် ဘာဆက်ဖြစ်နိုင်သလဲ

Why Men Should Change Their Mattress Every 6 to 8 Years

Photo: serta

သူ့သက်တမ်းကုန်ဆုံးချိန်ထက် ကျော်လွန်သွားတဲ့အခါ မွေ့ယာသည် စုတ်ပြဲလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ရတာလည်း သက်သောင့်သက်သာမရှိတော့ဘဲ ခါးနာခြင်း၊ ပုခုံးနာခြင်းတို့ ခံစားရနိုင်ပါတယ်။ ညဘက်မှာ အိပ်ရေး ဝဝ မအိပ်ရတဲ့အခါ မနက်နိုးလာရင် လူက တက်ကြွရွှင်လန်းနေတော့မှာမဟုတ်ပါဘူး။ ကြာလာရင် အဝလွန်ခြင်း၊ နှလုံးရောဂါ ခံစားရခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ကြမ်းပိုးနဲ့ အခြားသောပိုးမွှားများ ပျော်မွေ့ရာကောင်းကင်ဘုံတစ်ခုဖြစ်လာမယ်

Why Men Should Change Their Mattress Every 6 to 8 Years

Photo: iStock

လေ့လာတွေ့ရှိချက်တစ်ခုအရ မွေ့ယာများသည် ဖုန်နှင့် ပိုးမွှားများ အခိုအောင်းဆုံး အိမ်တွင်းအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။ မနက်အိပ်ရာနိုးလာလို့ သင့်အသားအရေမှာ အဖုအပိန့်တွေ ပေါက်နေမယ်ဆိုရင် ဂရုစိုက်ဖို့လိုအပ်နေပါပြီ။

မွေ့ယာက တချိန်လုံး အသံမြည်နေပါသလား

Why Men Should Change Their Mattress Every 6 to 8 Years

Photo: Herway.net

ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက် စောင်းလိုက်ရုံနဲ့တင် မွေ့ယာက အသံမြည်နေတယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ ဒီလိုအသံမြည်နေခြင်းက မွေ့ယာအတွင်းရှိ စပရိန်များ မကောင်းတော့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘေးနားက တစ်ယောက်က လှုပ်ရှားတဲ့အခါ ထိုလှုပ်ရှားမှုကိုပါ သင် ခံစားနေရတယ်ဆိုရင်လည်း သင့် မွေ့ယာက သက်တမ်းကုန်သွားတာဖြစ်ပါတယ်။ ထိုမွေ့ယာကိုပဲ ကြိတ်မှတ်အသုံးပြုနေမယ်ဆိုရင် စောစောက ဖော်ပြခဲ့တဲ့ဆိုးကျိုးများကို ခံစားရမှာဖြစ်ပါတယ်။

မွေ့ယာကို ကြာရှည်ခံအောင် ဘယ်လိုလုပ်ရမလဲ

Why Men Should Change Their Mattress Every 6 to 8 Years

Photo: Shinycarpetcleaning

၃ လ (သို့) ၆ လကြာတစ်ခါ မွေ့ယာကို ဟိုဘက် ဒီဘက် ပြောင်းပေးလိုက်ပါ။

အိပ်ခန်းပြတင်းပေါက်များကို လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားပေးလိုက်ပါ။

မွေ့ယာရဲ့စပရိန်ကို ကြာရှည်ခံစေချင်တယ်ဆိုရင် ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များကို မွေ့ယာပေါ်မှာ မခုန်ပေါက်ပါစေနဲ့။

မွေ့ယာကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်းပေးကာ ဖုန်မှုန့်များနှင့် ပိုးမွှားများ ကင်းစင်အောင် ပြုလုပ်နိုင်ပါတယ်။

Source: Brightside.me

Featured Image: dreamlandsdesign