ထောပတ်သီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ယောကျာ်းများအတွက် ပိုမိုကောင်းမွန်ပါတယ်။ ထောပတ်သီး စားသုံးပေးခြင်းအားဖြင့် အူတွင်းရှိ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို ထောပတ်သီးအနည်းငယ်ခန့် စားသုံးပေးရုံနဲ့တင် များစွာသော အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

အူလမ်းကြောင်းတွင် ပြည့်နှက်နေသော ဘက်တီးရီးယားများ

benefits of eating avocados for men

အူသည် လူသားများ၏ ခန္ဓာကိုယ်ထဲတွင် ဘက်တီးရီးယားများ ပေါက်ဖွားမှုအများဆုံးနေရာဖြစ်ပါတယ်။ ထိုအူထဲတွင်ပင် ဘက်တီးရီးယားအမျိုးပေါင်း ၁၀၀၀ ကျော်ခန့် ပေါက်ဖွားနေတတ်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်လိုက်ပါနဲ့။ ထိုဘက်တီးရီးယားအများစုက လူသားများကို အကျိုးပြုပြီး ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူသားများရဲ့ ခန္ဓာကိုယ်တွင် ကောင်းသော ဘက်တီးရီးယားများက ဆိုးသော ဘက်တီးရီးယားများထက် ၄ ဆ ခန့် ပိုများပါတယ်။

အမျိုးသားများအတွက် အထူးကောင်းမွန်သော ထောပတ်သီး

benefits of eating avocados for men

သုတေသနလေ့လာချက်များအရ ထောပတ်သီး နေ့စဉ်စားသုံးခြင်းက အူလမ်းကြောင်းအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ထောပတ်သီးက ကောင်းကျိုးပေးသော ဘက်တီးရီးယားများကို ပွားများစေရုံသာမက အက်စစ်ဓာတ်များကိုလည်း လျော့ကျစေပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တက်ပေးခြင်း

benefits of eating avocados for men

လေ့လာတွေ့ရှိချက်များအရ ထောပတ်သီး စားသုံးခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးစေရုံသာမက ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗိုက်အောင့်ဗိုက်နာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ထောပတ်သီး ဘယ်လောက်များများ စားသုံးသင့်သလဲ

benefits of eating avocados for men

Source: Jessicagavin.com

သင့်အနေနဲ့ တစ်နေ့ကို ထောပတ်သီးတစ်လုံးလုံး ကုန်အောင် စားစရာ မလိုပါဘူး။ ယောကျာ်းများအတွက် တစ်နေ့ကို ထောပတ်သီး ၁၇၅ ဂရမ်ခန့် စားသုံးပေးရုံနဲ့တင် လုံလောက်ပါတယ်။ အမျိုးသမီးများအနေနဲ့ကတော့ တစ်နေ့ကို ထောပတ်သီး ၁၄၀ ဂရမ်ခန့် စားသုံးသင့်ပါတယ်။

ဒါပေမဲ့ ထောပတ်သီးချည်းပဲကတော့ သင့်ကို အမြဲတမ်းကျန်းမာအောင် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ အခြားသော အာဟာရပြည့်ဝတဲ့အစားအစာများကိုလည်း သင့်တင့်မျှတစွာ စားသုံးသင့်ပါတယ်။

Source: Brightside.me