ဘီဘီခရင်မ်ဆိုတဲ့စကားလုံးက စာဖတ်သူကွီးတို့နဲ့ သိပ်ရင်းနှီးမှာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာတော့ ဘီဘီခရင်မ်ကို ကွီးတို့လည်း ဘာ့ကြောင့်သုံးစွဲသင့်သလဲဆိုတာကို သိရှိသွားမှာပဲဖြစ်ပါတယ်။ တကယ်လို့ အလှကုန် အသုံးအဆောင်ပစ္စည်းတွေက မိန်းကလေးတွေနဲ့သာ သက်ဆိုင်တယ်လို့ထင်ရင်တော့ စာဖတ်သူတို့မှားနေပြီနော်။

ဘီဘီခရင်မ်က ဘာလဲ။

ဘီဘီခရင်မ်က အသားအရေမှာ အဖုအပိမ့်တွေပေါက်နေရင် အပြစ်အနာအဆာမရှိအောင်ဖုံးကွယ်ပေးပြီး အသားအရောင်မညီမညာဖြစ်နေခြင်းကို ညီညာအောင်ပြုလုပ်ပေးတဲ့ ထုတ်ကုန်ပစ္စည်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အဆီပြန်မှုကိုလည်း ထိန်းချုပ်ပေးပြီး အသားရေအစိုဓာတ်ရှိနေအောင်လည်း ကူညီပေးပါသေးတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေသုံးစွဲသင့်တဲ့ခရင်မ်တစ်မျိုးပဲဖြစ်ပါတယ်။

ဘီဘီခရင်မ် သုံးစွဲခြင်းရဲ့အကျိုးကျေးဇူးများ

အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့အပြင် နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးပါသေးတယ်။ အမဲစက်များ၊ အစက်အပြောက်များ၊ ချွေးပေါက်ကျယ်ခြင်း၊ ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းများကိုလည်း ဖုံးကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ညက ဘော်ဒါတွေနဲ့သောက်တာများသွားလို့ လူကမလန်းမဆန်းဖြစ်နေတဲ့အခါ ညစ်နွမ်းနေပုံပေါက်တဲ့အသားရေကို ကြည်လင်တောက်ပလာအောင် ကူညီပေးနိုင်ပါသေးတယ်။ ဘီဘီခရင်မ်အမျိုးအစားတွေကလည်း အများကြီးရှိတာကြောင့် ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ဖို့လိုပါတယ်။

ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့ ဘီဘီခရင်မ်ကို ဘယ်လိုရွေးချယ်ရမလဲ။

Source: Mumbaigloss.in.com

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ ခရင်မ်ကို ရွေးချယ်ဖို့ဆိုရင် လူအများစုက လက်ကောက်ဝတ်မှာ စမ်းလိမ်းတတ်ကြပါတယ်။ တကယ်တော့ ဒါက မှားယွင်းနေတာပါ။ စာဖတ်သူရဲ့ လည်ပင်းမှာ စမ်းလိမ်းကြည့်ပြီး ကိုယ့်အသားအရေနဲ့ တစ်ထပ်တည်းကျပြီး အနီးစပ်ဆုံးဖြစ်တဲ့ အရောင်ကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

စာဖတ်သူကွီးတို့ ရွေးချယ်ဝယ်ယူရအဆင်ပြေအောင်လို့ ကမ္ဘာ့အရောင်းရဆုံး ဘီဘီခရင်မ်များကို စုစည်းပေးထားပါတယ်။

SPF 35 ပါဝင်တဲ့ LabSeries အမျိုးသားသုံး ဘီဘီခရင် (ဈေးနှုန်း – ယူရိုငွေ ၃၈ ပေါင်)

SPF 40 ပါဝင်တဲ့ Clinique Anti Blemish ဘီဘီခရင်မ် (ဈေးနှုန်း – ယူရိုငွေ ၃၀ ပေါင်)

SPF 50 ပါဝင်တဲ့ Kiehl’s အမျိုးသားသုံးဘီဘီခရင်မ် (ဈေးနှုန်း – ယူရိုငွေ ၂၃ ပေါင်)

La Roche-Posay ဘီဘီခရင်မ် (ဈေးနှုန်း – ယူရိုငွေ ၁၂ ပေါင်)

SPF 30 ပါဝင်တဲ့ Shiseido ဘီဘီခရင်မ် (ဈေးနှုန်း – ယူရိုငွေ ၃၂ ပေါင်)

Source: Fashionbeans.com