မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာကို Face Scrub လုပ်တယ်လို့ ခေါ်ပါတယ်။ ရိုးရိုးပြောမယ်ဆိုရင် မျက်နှာကို ချေးချွတ်တယ်လို့ ဆိုနိုင်ပါတယ်။ Face Scrub လုပ်တာကို အမျိုးသမီးတွေ အများဆုံး လုပ်ကြပါတယ်။ တကယ်တော့ အမျိုးသမီးတွေထက် အမျိုးသားတွေရဲ့ အရေပြားက ပိုထူလို့ အမျိုးသားတွေမှာ မျက်နှာချေးချွတ်တာက ပိုပြီး လုပ်သင့်သလို အကျိုးလည်း ပိုများပါတယ်။

(၁) အဆီနဲ့ အညစ်အကြေးများ ဖယ်ရှားပေးတယ်

Photo: Freepik

Face Scrub လုပ်ခြင်းရဲ့ အဓိက လုပ်ဆောင်မှုက အရေပြားပေါ်က မွေးညင်းပေါက်တွေကို သန့်ရှင်းပေးပြီး အသားအရေနဲ့ ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ မျက်နှာသစ်ရုံနဲ့ မပြောင်စင်တဲ့ အညစ်အကြေးတွေကို Face Scrub လုပ်ခြင်းနဲ့ ရှင်းထုတ်နိုင်သလို အသားအရေကိုလည်း ပိုမိုနူးညံ့ပြီး ချောမွေ့လာစေပါတယ်။

(၂) မုတ်ဆိတ်ရိတ်လို့လည်း ပိုကောင်းလာမယ်

Photo: Freepik

နောက်ထပ် အကျိုးကျေးဇူးတစ်ခုက မျက်နှာချေးချွတ်သန့်စင်မှု လုပ်ထားပြီး မုတ်ဆိတ်ရိတ်သင်ရင်လည်း ပိုပြီး သပ်ရပ်သန့်ရှင်းလာပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားထားတာဖြစ်လို့ မုတ်ဆိတ်တွေလည်း ကြမ်းတမ်းခြင်း မရှိဘဲ ရိတ်သင်ရ လွယ်ကူလာသလို မုတ်ဆိတ်ရိတ်ဓါးသွားအတွက်လည်း ပိုပြီ တာရှည်အသုံးခံမှာ ဖြစ်ပါတယ်။

(၃) မျက်နှာအကွက်အပြောက် မဖြစ်အောင် ကာကွယ်တယ်

Photo: Freepik

အသားအရေညီညာပြီး ကြည်လင်ဝင်းပချင်တယ်ဆိုရင်လည်း Face Scrub လုပ်ဖို့ အကြံပေးချင်ပါတယ်။ Face Scurb လုပ်တာဟာ မျက်နှာပေါ်မှာ အညိုအမည်းကွက်ထတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် Face Scrub လုပ်ခြင်းဟာ မျက်နှာအဆီပြန်မှု ထိန်းပေးလို့ အကွက်ကွက် မဖြစ်ဘဲ စိုပြေလာမှာ ဖြစ်ပါတယ်။

(၄) ဝက်ခြံတိုက်ဖျက်ဖို့ပါ သုံးနိုင်တယ်

Photo: Freepik

Salicylic Acid ပါတဲ့ Face Scrub ဟာ အရေပြား အလွန်အကျွံ ခြောက်သွေ့မှု မဖြစ်စေဘဲ အနုစားနဲ့ သိပ်မရင့်တဲ့ ဝက်ခြံတွေရှင်းထုတ်ပေးဖို့ ကူညီနိုင်ပါတယ်။ ဒီပါဝင်ပစ္စည်းဟာ ဝက်ခြံပွားခြင်းကိုလည်း လျင်မြန်စွာ ပျောက်ကွယ်စေနိုင်ပါတယ်။

(၅) အသားအရေ နုပျိုစေတယ်

Photo: Freepik

ကျွန်တော်တို့ရဲ့ အရေပြားဟာ သူ့သဘာဝအတိုင်း ပြန်ပြီး ကုစားတတ်တဲ့ သဘောရှိပါတယ်။ သိပွံလေ့လာချက်တွေအရဆိုရင် ရက် ၃၀ တိုင်းမှာ တစ်ခါ ဆဲလ်အသစ်တွေ ဖြစ်တာါပ။ ဒါပေမယ့်လည်း အသက်ကြီးလာရင် အထူးသဖြင့် အသက် ၃၀ ကနေ နောက်ပိုင်းဆိုရင် ဆဲလ်အသစ်ဖြစ်ပြီး အရေပြား နုပျိုတဲ့ဖြစ်စဉ်က နှေးကွေးသွားတတ်ပါတယ်။ ဒါဆိုရင် အရေပြားတွေ တွန့်လာတာ ၊ အရေးအကြောင်း ထင်တာနဲ့ အသားအရေ မညီညာတာတွေ ဖြစ်တတ်လို့ Face Scrub လုပ်ပြီး အသားအရေ ဝင်းလဲ့နုပျိုအောင် ကူညီပေးနိုင်ပါတယ်။