သင်သည် ရေပန်းအောက်မှာ ရေချိုးတဲ့အခါ မျက်နှာ တစ်ခါတည်း သစ်လေ့ရှိပါသလား။ ဒါမှမဟုတ် ဘေစင်မှာ မျက်နှာအရင်သစ်ပြီးမှ ရေပန်းအောက်မှာ ရေချိုးပါသလား။

တကယ်လို့ သင်သည် ရေပန်းအောက်မှာ တစ်ခါတည်း ရေချိုး မျက်နှာသစ်လိုက်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး ထိုအကျင့်ကို ဖျောက်ဖျက်သင့်ပါပြီ။

ဘာ့ကြောင့် ဖျောက်ဖျက်သင့်သလဲဆိုတဲ့ အကြောင်းအရင်းများကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

သင့်ကို ဝက်ခြံပိုထွက်စေလို့

tips for men who want healthy skin

ရေပန်းအောက်တွင် ကြာကြာ မျက်နှာသစ်ခြင်းသည် သင့်ရဲ့မျက်နှာပေါ်ရှိ သဘာဝအဆီများကို ဖယ်ရှားပစ်လိုက်တာကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းလာပြီး ဝက်ခြံတွေ ပိုပေါက်လာပါလိမ့်မယ်။ အသားအရေခြောက်ခြင်းကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ရေချိုးပြီးတဲ့အခါ Moisturizer လေး လိမ်းကျံသင့်ပါတယ်။

အသားအရေ မညီမညာဖြစ်စေလို့

tips for men who want healthy skin

ရေပန်းအောက်တွင် မျက်နှာသစ်ခြင်းသည် သင့်အသားအရေကို နီမြန်းစေပါတယ်။ ဒါ့အပြင် သင်က ရေနွေးနွေးဖြင့် ရေချိုးတဲ့အခါ ပါးပေါ်ရှိ နူးညံ့သော သွေးကြောမျဉ်းလေးများ ပျက်စီးသွားပြီး သင့်အသားအရေလည်း တဖြည်းဖြည်း မညီမညာဖြစ်လာပါလိမ့်မယ်။

အရေအကြောင်းနှင့် ပါးရေတွန့်စေလို့

tips for men who want healthy skin

Source: Mensjournal.com

အရွယ်မတိုင်မှီ အိုမင်းရင့်ရော်လာမှာ ပါးရေတွန့်လာမှာကို ကြောက်တဲ့ယောကျာ်းများအတွက် ရေပန်းအောက်တွင် မျက်နှာသစ်ခြင်းအလေ့အကျင့်သည် အကြီးမားဆုံးရန်သူပါပဲ။ ရေပန်းဖြင့် မျက်နှာသစ်တဲ့အခါ အသားအရေ အပေါ်ယံအလွှာက ပျက်စီးသွားပြီး ပါးရေတွန့်ခြင်း၊ အရေးအကြောင်းထခြင်းတို့ ဖြစ်ပေါ်လာပြီး အရင်ကထက် ပိုမိုအိုမင်းသယောင် ဖြစ်လာပါလိမ့်မယ်။

ကျန်းမာတဲ့အသားအရေကိုတောင် Sensitive အသားအရေအဖြစ်သို့ ပြောင်းလဲသွားစေလို့

tips for men who want healthy skin

ရေပန်းအောက်တွင် မျက်နှာသစ်ခြင်းသည် သင့်အသားအရေ အမျိုးအစားကို ပြောင်းလဲသွားစေပါတယ်။ သင်သည် ယခင်က ပုံမှန်အသားအရေပိုင်ရှင်ဖြစ်ပြီး ကျန်းမာတဲ့အသားအရေပိုင်ဆိုင်ထားရင်တောင်မှ Sensitive အသားအရေပိုင်ရှင် ဖြစ်သွားပါလိမ့်မယ်။

အသားအရေ ယားယံစေခြင်း

tips for men who want healthy skin

လူတော်တော်များများက ရေပန်းအောက်မှာ ရေချိုးပြီးနောက်မှာ အသားအရေက ယားယံလာတတ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ရေပူကြောင့် သင့်အသားအရေရဲ့အစိုဓာတ်က ခမ်းခြောက်သွားပြီး အသားအရေများ စတင်ယားယံလာတာပဲဖြစ်ပါတယ်။ မျက်နှာသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ရေဓာတ်ခမ်းခြောက်သွားပြီး မျက်နှာယားယံလာကာ နောက်ဆုံးမှာတော့ အရေပြား အဖတ်များ ကွာလာပါလိမ့်မယ်။

Source: Brightside.me

Featured Image Source: Coachmag.co.uk